Ep_25

11.3K 882 156
                                    

Opposite
Ep_25

ပတ်တီးအဖွေးသားဖြင့် ထော့နဲ့ထော့နဲ့ လမ်းလျှောက်နေရသော မှန်ကြောင်လေးကို ပြေးတွဲလိုက်သည် ။

"ဘယ်လိုဖြစ်ရတာလဲ "
"ကျွန်တော် မနေ့က ဖန်ခွက်ကိုင်ပြီး လှေကားပေါ်က ဆင်းတာ ချော်ကျပြီး ဖန်ကွဲစ ခြေထောက်ကို စိုက်သွားလို့ "
"ဟာကွာ နမော်နမဲ့နဲ့ ဖြည်းဖြည်း ရရဲ့လား"

တကယ်ကို စိတ်ပူနေတဲ့ ပုံစံကြောင့် စိတ်ထဲ ကြိတ်ပြီး ပီတိဖြစ်မိသည် ။ တကယ်တော့ ခြေထောက်က အကောင်းကြီး ဘာဆိုဘာမှ မဖြစ် ။ တမင်တကာ ဥာဏ်ဆင်ပြီး အစ်မ ဆေးခန်းမှာ ပတ်တီးဝင်စီးခဲ့ခြင်း ။ နယ်နယ်ရရ ပတ်တီးတော့ မဟုတ် ...ရှိသမျှ အချွဲတွေအကုန်ထုတ်ကာ မျက်ရည်ခံထိုးပြီး  မရရအောင် ပူဆာလာရသည့် ပတ်တီး ။

တန်ပါတယ် ... ဇွဲ ရဲ့ စိတ်ပူတဲ့ အကြည့်တစ်ချက်နဲ့တင် တန်နေပြီ ။
ဇွဲ သာ အဲ့လို ဂရုစိုက်ပေးမယ်ဆိုရင် ကားရှေ့ဝင်ပြေးရလည်း တန်တယ် ။
အဲ့လောက်ထိ ဇွဲ အပေါ် ရူးသွပ်ပါသည် ။

"ဗိုက်ဆာနေပြီလား "
"မဆာသေးပါဘူး ဒါနဲ့ ဇွဲ ကားကြီးထားခဲ့လို့မရဘူးလား "
"ဟင် ဘာလို့လဲ "
"ဘတ်စ်ကားနဲ့ သွားရအောင်ပါ "
"အင်း ရတယ်လေ ဖြစ်ပါ့မလား ခြေထောက်က "

ဘတ်စ်ကားပေါ်မှာ ဇွဲ နဲ့ အတူတူထိုင်ချင်လို့ ဥာဏ်ဆင်နေပါတယ်ဆို သူက စိတ်ပူနေသေးတယ် ။ သူ့ကားကြီးနဲ့သွားရင် သူကမောင်း ကိုယ်က ဘေးမှာထိုင်ဆိုတော့ တစ်ယောက်တစ်နေရာစီ ... No ပါ အဲ့လိုတော့ အဖြစ်မခံနိုင် ။

"ဖြစ်တယ် ကျိုးတာမှမဟုတ်တာ အေးဆေး"

ကြည့် စကားပြောပုံကိုက ... ဘယ်လို ကောင်လေးလည်း ကျွန်တော်ကသာ စိတ်ပူနေတာ ဒင်းက ပြောင်စပ်စပ်ဖြင့် ။
အသည်းယားဖို့ကောင်းအောင် ချစ်ဖို့ကောင်းနေရော ။

"ဝှားးး အိပ်ချင်လိုက်တာ ဆေးအရှိန်ကြောင့်ထင်တယ် "

ဘတ်စ်ကားပေါ်ရောက်တာနဲ့ သန်းဝေနေသော မှန်ကြောင်လေး ကြောင့် ညက အိပ်ရေးမှ ဝရဲ့လားလို့ စိတ်ပူရပြန်သည် ။ ဆေးတွေက ဘယ်လောက်တောင်ပြင်းလို့ ဒီလောက်ထိ ငိုက်မြည်းနေပါလိမ့် ...။

Opposite Where stories live. Discover now