20.

7.9K 553 36
                                    

Opposite
Ep_20

ကောင်းထက် ကန်တင်းသို့ဝင်လိုက်ပြီး လွယ်အိတ်ကို ဘုန်းကနဲပစ်ချကာ ခုံတစ်ခုဆွဲယူ၍ ထိုင်လိုက်သည် ။

"အန်တီရေ ပသျှုးထမင်းကြော် တစ်ပွဲ ခေါက်ဆွဲပြုတ် တစ်ပွဲ ထမင်းသုပ်တစ်ပွဲပေးပါ "

ကျွန်တော့်ရဲ့ တစ်ဆိုင်လုံးကြားအောင် အော်မှာလိုက်သံကြောင့် အကုန်လှည့်ကြည့် ကြသည် ။ မတတ်နိုင် ။ အဲ့လိုမှ အော်မမှာရင်လည်း စားပွဲထိုးက တော်တော်နှင့်ရောက်မလာ ...ဆိုင်ရှင်အန်တီဆို ပိုဆိုး ။ မနက်အစောကြီး ထလာပြီး ဘာမှမစားရသေးတော့ လူကတော်တော်လေး ဗိုက်ဆာနေပြီ ။

"ကောင်း မင်းလူမှဟုတ်ရဲ့လား "

ရှင်မင်းထိုက် အမေးကို ရွဲ့ပြီးသာ ဖြေလိုက်တော့သည် ...

"လူမဟုတ်လို့ ငါကနတ်လား "
"သေလေ လဒ ! အဲ့တာကြောင့် တစ်နေ့တစ်ခြား မင်းဗိုက်က ဖောင်းကားလာတာ "
"ကျောင်းပိတ်ရင် gym ဆော့မှာ "
"အင်းပါ ပြောတာလဲ 1st yr ကတည်းကဘဲ"
"ဒီတစ်ခါ တကယ် ဝိတ်ချမှာ "

ဝိတ်ချမယ်ပြောပြောပြီး အစားနဲ့ပါးစပ်နဲ့ မပြတ် ။ တစ်ကိုယ်လုံးမှာ ရှိနေတဲ့ အဆီတွေက အကောင်းဆုံးသက်သေ ။

"ဒါနဲ့ မင်းခန့်ဇေ မင်းမနက်ဖြန် လာမှာလား"
"ဒါက မင်းအပေါ်မှာမူတည်တယ် ကောင်းထက် "
"ဟမ် ဘယ်လို "

အငွေ့တထောင်းထောင်းဖြင့် လာချသော ပသျှူးထမင်းကြော်က စားချင်အောင် ဆွဲဆောင်နေသည် ။ ခေါက်ဆွဲပြုတ်ကတော့ အရမ်းခက်ခက်ခဲခဲ ချက်ရပြုတ်ရ သည်မို့လား မသိ ခုထိ မရသေး ။

"အရင်စားလိုက်ပါဦး တော်ကြာ ဆက်မစားနိုင်တော့မှာစိုးလို့ "

မင်းခန့်ဇေ စကားကြောင့် မကြားရသေးခင်ကို စားနေရင်း နည်းနည်းတောင်နင်ချင်သွားသည် ။ ရှင်မင်းထိုက်ကိုကြည့်တော့လည်း ပြုံးစိစိဖြင့်သာ ။

"ဘာလဲ ပြောစရာရှိတာပြော "
"အရင်စား "
"ငါဆိုတဲ့ကောင်က မင်းသေရင်တောင် အသုဘမှာ လာစားဦးမှာ အစားအသောက်ပျက်မှာတော့ ပူမနေနဲ့ စိတ်သာချ "
"ကောင်းပြီ ပြီးရော "
"မနက်ဖြန် အခြေနေ ? "
"ဇေ ဆိုတဲ့ကောင်ကရော သူများကို ကူညီတတ်တဲ့လူလို့ မင်းထင်လား ကောင်း"

Opposite Where stories live. Discover now