26.

7.2K 511 3
                                    

Opposite
Ep_26

"ဟဲ့ ရှင်မင်းထိုက် ဖုန်းလာနေတယ် အကြည်စိုက်မနေနဲ့ နည်းနည်းပါးပါး ပတ်ဝန်းကျင်ကို သတိလေးပါလေးထားဦး"
"ဟီး မေကလည်း ဒီမှာ ဇေ မျက်လုံးထဲ ဘာဝင်သွားလဲ မသိဘူးဆိုလို့ ကြည့်ပေးနေတာ"
"ဆင်ခြေတွေကတော့ ဟင်းဟင်း "

တုန်ခါနေသော ဖုန်းကို အမြန်ကိုင်လိုက်ရင်း
ရှင်မင်းထိုက် contact name ကြောင့် မျက်မှောင်ကြုံ့မိသည် ။

"ဟယ်လို "
"ငါရန်ကုန်ရောက်နေတယ် ရှင်မင်း "
"ဘာ ! "
"အဲ့လောက်ထိ အံ့ဩသွားရအောင် ဘာမဟုတ်တာတွေ လုပ်ထားလို့လဲ "
"မဟုတ်ပါဘူး ရုတ်တရက်ကြီးမို့လို့ "
"ထားပါ မနက်ဖြန် တစ်နေနေရာမှာ တွေ့မယ်လေ "
"အင်း JDonuts မှာဆို အဆင်ပြေလား "
"ရတယ် သူငယ်ချင်းတွေပါခေါ်ခဲ့လေ "
"ခေါ်ခဲ့မယ် ဒါနဲ့ နင်က ဘယ်လောက်ကြာမှာလဲ "

အားနာနာနဲ့ဘဲ မေးမှဖြစ်မည် ...

"ဘာလဲ ပြန်စေချင်နေပြီလား "
"အာ အဲ့လိုမဟုတ်ပါဘူး မေးကြည့်တာပါ"
"မသိဘူး ပျော်သလောက်ဘဲ ငါအိမ်နဲ့ ရန်ဖြစ်လာတာ "
"အော် "
"အန်တီကတောင် ရှင်မင်းထိုက်ဆိုတဲ့ကောင် လိမ်လိမ်မာမာနေရဲ့လား သေချာစောင့်ကြည့်ခဲ့တဲ့ မှာလိုက်တယ် "
"ထင်သားဘဲ "
"ဟဟ ဒါဘဲလေ အဲ့တာဆို "
"အင်း "

ဖုန်းချလိုက်သည်နှင့် ဘုကြည့်ကြည့်နေသည့် မင်းခန့်ဇေ ကြောင့် ကြောက်တောင် ကြောက်သွားသည် ။ မသိရင် ကိုယ်ကဘဲ မဟုတ်တာ လုပ်နေသလိုလို .... သူငယ်ချင်းနဲ့ ဖုန်းပြောတာတောင် သဝန်တိုနေတာကိုတော့ အံ့ဩမိသည် ။

"ဖြိုးဝေသော် ငါ့သူငယ်ချင်း မန်းလေးက မိန်းကလေး ငါ့ကိုမကြိုက်ဘူး ငါနဲ့ ကျောင်းပြီးရင် လူကြီးတွေက စေ့စပ်ပေးချင်နေတာ ခုရန်ကုန်ရောက်နေလို့တဲ့ ရပြီလား"
"ဘာ ! စေ့စပ်မယ်  "

မြန်မာကားဆန်ဆန်တွေ ဖြစ်လာတာလား ?
ကျွန်တော် တစ်ယောက်လုံး အရှင်လတ်လတ်ရှိနေတာကို စေ့စပ်စရာလား ။ ရှင်မင်းထိုက် မင်းက ငါ့အပိုင်နော် ။

"လူကြီးတွေက ဖြစ်စေချင်နေတာ ပြောပါတယ် "
"မင်းကရော "
"ငါ့ကိုမေးနေသေးတယ် မင်းရှိနေတာကို ဖြိုးကလည်း ငါ့မယူပါဘူးကွာ စိတ်ချ "
"တကယ်နော် "
"ငဇေ မင်းဟာလေ တကယ်ဘဲ သဝန်ကို တိုနိုင်လွန်းတယ် ဘယ်လိုကောင်လည်းမသိဘူး "
"မင်းကလည်း ချစ်လို့ကို "
"အာ ဒီကောင် ! "

Opposite Where stories live. Discover now