17.

7.7K 577 33
                                    

Opposite
Ep_17

မနက်စောစော အိပ်ကောင်းနေတုန်း ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ မေ ။

"အင်း ပြော "
"ကောင်းကြီး မလာသေးဘူးလား "
"အင်း ရောက်ခါနီးပြီ လာနေပြီ "
"မသာ ! ဂျင်းထည့်မနေနဲ့ မြန်မြန်လာ ငါ ကားဂိတ်တောင်ရောက်နေပြီ "
"မြန်လိုက်တာ ဒါမျိုးကျ ဝီရိယရှိတယ် "
"ဒါဘဲ "

မေဖုန်းချလိုက်တော့မှ မထချင်ထချင် ထလိုက်ရသည် ။ fresher welcome ဆိုတော့လည်း ဂျူဂျူလေးတွေကို ကြိုဆိုရမည်မှာ စီစီတွေရဲ့ တာဝန်မှတ်လား... သေချာပေါက်သွားရမှာပေါ့ ။

"Queen selection လေးတွေလည်း ငမ်းရဦးမယ်လေ ဟင်းဟင်း "

အိပ်ယာပေါ်ကနေ ရေချိုးခန်းထဲသို့ ပြေးဝင်လိုက်သည် ။ ဒီနေ့တော့ ဇွဲ ကို ခဏမေ့ထားလိုက်မည် ။

》》》》》》》

ဒီနေ့အတတ်ကြွဆုံးဖြစ်နေသည်က တစ်ခြားသူမဟုတ် .... ကျွန်တော် မင်းခန့်ဇေ ဆိုတဲ့ ဗန်ပိုင်းယားကောင် (ထိုက်ထိုက်လေးရဲ့ အခေါ်အရ ) ဘေဘီလေးအပေါ်ထားတဲ့ အချစ်တွေကို ခံစားမိသွားအောင် မျက်ဝန်းတွေကတစ်ဆင့် စကားပြောမယ် .... ။

ကိုယ့်ကိုယ်ကို ချောမောနေအောင် ပြင်ဆင်နေခိုက် အလိုက်ကန်းဆိုးမသိတဲ့ ဖုန်းသံကို ကြားလိုက်ရသည် ။

"ပြော "
"ဇေရေ နင်လာရင် မုန့်တစ်ခုခုဝယ်ခဲ့ပါလား"
"ရှုပ်ရှုပ်ယှက်ယှက်တွေ ! "
"နင့်ဘေဘီလေးအတွက်နော် နင့်ရှင်မင်းထိုက် ဗိုက်ဆာနေမှာ ပွဲထဲရောက်ရင် "
"ဘေဘီလေးအတွက်ဆိုတော့လည်း ဝယ်ခဲ့ရမှာပေါ့ ဘေဘီလေး ဘာကြိုက်လဲဟင် "
"နင့်အကောင်က လူသားက လွဲရင်အကုန်စားတယ် ဝယ်ချင်တာသာ ဝယ်လာ "
"ငါ့ဘေဘီလေးကို အဲ့လိုမပြောပါနဲ့ "
"သောက်မြင်တွေကတ်လာပြီ ! ဒါဘဲ ဖာခ့် "

အိမ်မှာရှိတဲ့ အာလူးကြော်ထုတ်တွေကိုပါ လွယ်အိတ်ထဲကောက်ထည့်လိုက်သည် ။
လမ်းထိပ်က မုန့်ဆိုင်မှာလည်း ထပ်ဝယ်သွားဦးမည် ။

" ထိုက်ထိုက်လေးအတွက်ဆို ဘာမဆို ဖြစ်စေရမယ် "

》》》》》》》

ဟောခန်းထဲ ဝင်လာသော မင်းခန့်ဇေပုံက ရွာကနေ ဈေးလာရောင်းသော ဈေးသည်တွေနှင့် နင်လားငါလား ။
လက်ထဲမှာ ကြွပ်ကြွပ်အိတ်အမည်း အကြီးကြီး ၂ လုံးကို ဆွဲလာသည့်အပြင် လွယ်ထားသည့် လွယ်အိတ်မှာလည်း ဖောင်းကားနေသည် ။ ခေါင်းပေါ် ခြင်းမရွက်လာသည်ဘဲ ကျေးဇူးတင်ရမလို ။

Opposite Where stories live. Discover now