22.

7.6K 579 23
                                    

Opposite
Ep_22

ဒယိုင်းဒယိုင်ဖြင့် မူးရူးနေသော ရှင်မင်းထိုက်အား မနိုင့်တနိုင့်တွဲကာ အပေါ်ထပ်သို့ တတ်လာရသည် ။

"ထိုက်ထိုက်ရာ မင်းကို ငါက ပြန်ထိန်းနေရတယ် "

"ဘာလဲ မင်းက မကျေနပ်ဘူးလား အဲ့တော့ မင်းက ဘာလုပ်ချင်လဲ one one ချမလား ဟေ့ကောင် မင်းက ဘီယာလေးတောင် မတိုက်ချင်တာလား အဲ့လိုလား မင်းအတွက် ငါက ဘီယာလောက်တောင် မတန်ဘူးလား
မင်းက ငါ့ကို ထိန်းရအောင် ငါမှ မမူးတာ ငါက မူးရအောင် အများကြီး သောက်ထားတာလဲ မဟုတ် မင်းက ငါ့ကို "

"တော်ပါတော့ ထိုက်ထိုက်ရာ မင်းမမူးပေမယ့် မင်းရစ်တာ ခံနေရတာနဲ့တင်ကို ငါမူးနေပြီ "

"မင်းက ညိုညင်တယ်ပေါ့ ဘာလဲ မရဘူးလား ရစ်လို့ ငါက မင်းကို ချစ်လို့ ရစ်တာလေ မကြိုက်ဘူးလား ဟုတ်လား မင်းက ငါမဟုတ်ဘဲ ဘယ်သူ့အရစ်ကို ခံချင်နေသေးတာလဲ အာ နောက်တစ်ယောက်ရှိနေပြီလား ထင်သားဘဲ ပြောစမ်း ဘယ်ကကောင်မလဲ ဘယ်က အကောင်လဲ ဘယ်လိုတွေ့တာလဲ ချောလား ငါ့လောက် ခန့်ညားလို့လား မင်းငါ့ကို ထားခဲ့ချင်နေပြီပေါ့ ဟုတ်လား "

မင်းခန့်ဇေ သက်ပြင်းသာ ချမိသည် ။
နဂိုကတည်းက တအားစကားများတဲ့ ရှင်မင်းထိုက် .... ပုံမှန်အချိန်တွေတောင် စကားများလွန်းလို့ စိတ်ညစ်ရသည် ။
ခုတော့ မူးပြီးရစ်နေတာ ပိုဆိုးပြီ ။

ကျွန်တော်က အေးအေးဆေးဆေး နေတတ်တဲ့သူ ... စကားလည်း နည်းသည် ။
ဘေးနားမှာပေါက်ပေါက်ဖောက်နေတာတွေကို နားထောင်ရတာလည်း စိတ်ကုန်သည် ။
ပြောရရင် ထိုက်ထိုက်နဲ့ ကျွန်တော်က တကယ့် ဆန့်ကျင်ဖက်လူသားတွေ ...
နည်းနည်းလေးမှ အကျင့်မတူ ။

ချစ်လွန်းတော့လည်း သည်းခံရသည် ။

"မင်းက ငါနဲ့တောင် စကားမပြောချင်တော့ဘူးပေါ့ ငါကတော့ မင်းကို "
"ရှူး ကိုယ်အရမ်းပင်ပန်းနေပြီ ဘေဘီလေး မင်းအမူးပြေမှ ဆက်ပြောကြမယ် ဟုတ်ပြီလား ခုတော့ အိပ်တော့ "

မင်းခန့်ဇေ ကုတင်ပေါ်မှာ ပစ်လှဲချပြီး မျက်လုံးတွေမှိတ်ထားလိုက်သည် ။
တကယ်လည်း ပင်ပန်းနေပြီ ...လူရော စိတ်ရော ။

Opposite Where stories live. Discover now