18.

7.6K 594 22
                                    

Opposite
EP_18

စင်ပေါ်က ဆင်းလာတဲ့ အဖြူရောင် နတ်သားသည် ခြေလှမ်း ၄ လှမ်းလောက် လှမ်းပြီးသကာလ နတ်မိမယ်လေးများ ဝိုင်းရံခြင်းကို ခံလိုက်ရသည် ။ မင်းခန့်ဇေ အနားဝိုင်းအုံလာသော ကောင်မလေးများက မနည်းမနော ။

"မင်းခန့်ဇေ ဓာတ်ပုံလေး တွဲရိုက်ချင်လို့ "
"ကိုခန့် selfie ဆွဲလို့ ရမလား "
"ကိုမင်းခန့်ဇေ ဓာတ်ပုံရိုက်လို့ရမလားဟင်"

ပါးချိုင့်တွေပေါ်အောင်ပြုံးပြီး စကီတစ်သိုက်ဖြင့် ပျော်ပါးနေသည် ။
တကယ်ဆို ကျွန်တော့်ကို ချစ်တယ်လည်း ပြောသေး ဒီချိန်မှာ စိတ်ဆိုးပြေအောင် လာရှင်းပြသင့်တာမဟုတ်ဘူးလား ။
ခုတော့ ဒင်းက ပျော်ပါးနေသည် ။

"သူ့ကိုယ်သူ idol များ မှတ်နေလား မသိဘူး"

"ခွီးးး "
"ဟဟ "

ရယ်သံများကြားလို့ လှည့်ကြည့်လိုက်တော့ တစ်ခြားသူမဟုတ် ။ ပြုံးစစဖြင့် ကြည့်နေသော မေလေးနှင့် မင်းယံ ။

"သဝန်တိုနေတာလား ကိုထိုက် "
"ဘာကွ ! No ပါ ရှင်မင်းထိုက်က မိန်းကလေးဘဲ စိတ်ဝင်စားတာ "

ထိုသို့ ဘူးခံငြင်းနေသော်လည်း ဒေါသထွက်နေသော ဘီလူး မျက်စောင်းများက မင်းခန့်ဇေ ဆီမှာသာ ။၇

"မမမေရေ "
"Mission complete ! "

ကျွန်တော်တို့ထံပါ ဘုကြည့်ကြည့်နေသော ကိုထိုက်ကြောင့် မျက်နှာပိုး သတ်လိုက်ရသည် ။

"မင်းတို့ဘာတွေပြောနေတာကြတာလဲ "
"ဘာမှမဟုတ်ဘူး "

အဲ့ဒီ ဘာမှမဟုတ်ဘူးရဲ့ နောက်ကွယ်မှာ ကိစ္စတွေအများကြီးရှိတာကိုတော့ ထည့်မပြောလိုတော့ ။ တကယ်တော့ မနေ့ညက အစ်ကိုမင်းခန့်ဇေ ကို သီချင်းဆိုဖို့ အကြံပေးခဲ့သူက ကျွန်တော် ညီမင်းယံ ။
မနက်က အစီစဉ်တစ်ခုဖြတ်ပြီး ထည့်ပေးလိုက်သည်က မမမေ ။

"ဟူး မောသွားတာဘဲ "

မင်းခန့်ဇေ တစ်ယောက် နာရီဝက်လောက်ကြာမှ လူအုပ်ထဲက ထွက်လို့ရသည် ။ မတတ်နိုင် ....တကယ်ဆို ထိုက်ထိုက်ဆီသွားပြီး ဘေဘီလေး ဘာညာနဲ့ တော်ကီတွေပစ်မည် စဉ်းစားထားသည် ။

Opposite Where stories live. Discover now