11.

8.6K 683 3
                                    

Opposite
Ep_11

ဇွဲ ဆူညံသံတွေကြောင့် အပြင် ထွက်လာကြည့်တော့ ပထမဆုံး အကြည့်ရောက်သွားမိသည်က ....
မှန်ကြောင်လေး ! ထိုကောင်လေးလည်း မော့ကြည့်ပြီး အနည်းငယ် ပြူးကျယ်သွားတဲ့ မျက်ဝန်းတွေက အံ့ဩနေသယောင် ။

ဒါဆို မှန်ကြောင်လေးလည်း ကျွန်တော့်ကို မှတ်မိတယ်လား ??

ပြသနာဖြစ်နေတာ ရှင်မင်းထိုက်တို့ပါလား ! မင်းခန့်ဇေ တောင်ပါသေးတယ် အဟက်  ပွဲစတာပေါ့ ညီလေးရာ ။

"ဟာ ရှင်မင်းလေးပါလား ဘာဖြစ်နေတာလဲ"
"ဩော် အစ်ကိုပါလား ကျွန်တော်ဒီမှာ ဝယ်စရာလေးရှိလို့ ဝန်ထမ်းက အချိုးမပြေလို့ "
"ဘယ်သူလဲ ဒီမိန်းကလေးလား "
"ဟုတ်တယ် "

ထုံးစံအတိုင်း ဇွဲ နှုတ်ခမ်းတွေ တွန့်ကွေးသွားအောင် ပြုံးလိုက်ပြီး အချိုးမပြေတဲ့ ဝန်ထမ်းမ ကို တစ်ချက်ကြည့်လိုက်သည် ။ တကယ်တော့ ဒီကောင်မလေးက တော်တော်လေး ဆက်ဆံ့ရေးဆိုးရွားလွန်းသည် ။ သူမနာမည်ဖြင့် တိုင်စာ ခဏခဏ တတ်သည် ။သူမရဲ့ ပင်ကို  စိတ်ဓာတ် မကောင်းတာလဲပါသည် ။

"ငါမင်းကို အလုပ်ထုတ်တယ် "
"ရှင် ! "
"မင်းက ဝယ်သူတွေကို အမြဲ စိတ်ဒုက္ခပေးနေတာဘဲ ဒီတစ်ခါနဲ့ဆို မင်းကြောင့် ပြသနာဖြစ်တာ ၃ ခါရှိပြီ "
"ရတယ်လေ ထွက်မယ် ကျွန်မအတွက် အလုပ်မရှားဘူး "
"အလုပ်မရှားပေမယ့် စိတ်ဓာတ် မကောင်းရင် ရသမျှအလုပ် ပြုတ်မှာဘဲ မိန်းကလေး ငါမင်းကို စေသနာနဲ့ သတိပေးတာ မင်းစိတ်ထားလေး လှအောင်အရင်ထားလိုက် "
"ရှင်နဲ့မဆိုင်ပါဘူး သွားပြီ "

ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ထွက်သွားသော ဝန်ထမ်းမကို ကြည့်ရင်း ရှင်မင်းထိုက် အတော်လေး စိတ်ပျက်မိသည် ။ လောကကြီးမှာ ကိုယ့်ကိုယ်ကို မှားနေမှန်းမသိတဲ့ လူမျိုးတွေက အဆိုးဆုံး လူတွေဘဲ ။

"ဟဲ့ နင်တို့ကလည်း ကြာလိုက်တာဟယ် "

ရုတ်တရက် ဝင်လာသော မေ ဇွဲ ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားမိသည် ။

မော်ဒယ်များရောက်နေတာလား ဒါမှမဟုတ် မင်းသားလား ?

"ဆောရီး မေ ကိစ္စလေးတွေရှိလို့ "

Opposite Where stories live. Discover now