14.

8K 615 17
                                    

Opposite
Ep_14

ရှင်မင်းထိုက် အိပ်ယာပေါ်က ဝုန်းကနဲ ထထိုင်ပြီး အနောက်ဖေး ဘေစင်သို့သွားသည်။
နှစ်ဆယ့်လေးခေါက်မြောက် မျက်နှာသစ်ကာ မှန်ထဲတွင် ပေါ်နေသော လူကို တစ်ချက်ကြည့်လိုက်သည် ။

ရေစက်များဖြင့် ဆွဲဆောင်မှုရှိနေသော လူသား ။ လည်ပင်းထိ ရေများစီးကျနေကာ ဆံပင်တွေပါ အနည်းငယ် ရေစိုနေသဖြင့် နတ်သက်ကြွေလာသော နတ်သား တစ်ပါးအလား ။

ကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ် ...
ဘယ်လိုကြည့်ကြည့် ချောသည် ....
ဘယ်လိုကြည့်ကြည့် ခန့်ညားသည် ....
ဘယ်လိုကြည့်ကြည့် ဆွဲဆောင်မှုရှိသည် ....
ဘယ်လိုကြည့်ကြည့် ယောက်ျားပီသသည် ..
ဘယ်လိုနေနေ ဆော်ကြည်သည် ....
တစ်ခါတလေဆို အရမ်းချောလွန်းလို့ နာရီဝက်လောက် မှန်ထဲကကောင်ကို ထိုင်ကြည့်နေကာ  အားကျမိသည် ။
.
.
.
.
.
.
.

သို့သော် ....

မနက်က အဖြစ်အပျက်ကို တွေးမိသောအခါ.....ရင်တွေ ခုန်လာသည် ။

ဒီလောက် ခန့်ညားချောမောတဲ့ ကျွန်တော်လိုကောင်က ယောက်ျားတစ်ယောက်အပေါ်  ရင်ခုန်တယ်ဆိုတာ ဖြစ်သင့်လား ?

လုံးဝမဖြစ်သင့်ပါ !!!!!

ည ၂ နာရီ ရှိပြီဖြစ်သော်လည်း မင်းခန့်ဇေ ဆိုတဲ့အကောင် ကောင်းမှုဖြင့် အိပ်မရသေး။
မျက်လုံးထဲ သောက်ကောင်မျက်ခွက်ကြီးဘဲ ပေါ်ပေါ်လာလို့ မျက်နှာထသစ်ရသည့် အကြိမ်ရေလည်း များနေပြီ ။

မနက်ကလည်း ဒင်းရဲ့အလန့်တကြား နှာဗူးထသည့်လုပ်ရပ်ကြောင့် အကြောက်အကြောက် အလန့်အလန့်ဖြစ်နေသည့်ကြားက ကျွန်တော့်နှလုံးသားကပါ အလိုက်မသိ ရင်ခုန်သံတွေ မြန်နေခဲ့သည် ။ တွန်းထုတ်နေသည့်ကြားက နူးညံ့ချိုမြိန်သော အနမ်းများကို ခံစားနေရသည် ။

"အားးးးး ရှင်မင်းထိုက် ရူးနေပြီလား ! "

အတွေးထဲက ထုတ်ပစ်မှရမည် ။ ကြာရင် ကျွန်တော် စိတ်ရောဂါရသွားနိုင်သည် ။

》》》》》》》》

ခေါင်းအုံးကြီး ပိုက်ကာ ပြုံးစိစိဖြင့် အိပ်မရသေးသော ဂြိုလ်သားကား မင်းခန့်ဇေ ။

Opposite Où les histoires vivent. Découvrez maintenant