Opposite
Ep_15မင်းခန့်ဇေ ရှင်မင်းထိုက်အိမ်ရှေ့တွင် ရပ်နေတာ နာရီဝက်လောက်ရှိပြီ ။ သို့သော် မဝင်ရဲပေ ။ တစ်ပတ်အတွင်း သွားတွေ့လိုက်ရင် တစ်သက်စာ သေခန်းပြတ် ဖြစ်သွားရင် မလွယ် ။
လွမ်းရတာကို မုန်းသော်လည်း ဘာမှမတတ်နိုင်တဲ့ အခြေအနေမှာတော့ ထိုင်လွမ်းနေရုံသာရှိသည် ။ လွမ်းတယ်ဆိုတဲ့ ခံစားချက်ကြီးက စောင်ကျိုးနည်း ခံရခက်သည် ။ စကားလုံးတွေနဲ့ ဖော်မပြတတ်သော်လည်း သေလောက်အောင် လွမ်းသည် ။
"ကျွတ်စ် ဒီနေ့မှ ဘယ်မှမသွားဘူး ဘေဘီလေးကလည်း ! ကျောင်းကနေ အိမ်တန်းပြန်နေတယ် shit "
မျက်နှာလေးတောင် မြင်တွေ့ခွင့်မရှိတော့တဲ့ အခြေအနေက ဆိုးရွားလွန်းသည် ။ ဖြစ်နိုင်ရင် ဘေဘီလေးရေ လွမ်းလိုက်တာ ဆိုပြီး အော်ပြောကာ ရင်ခွင်ထဲ မြုပ်သွားအောင် ဖက်ထားချင်သည် ။
》》》》》》》》》
"ဟယ်လို မေပြော "
"အေး ကောင်းကြီး ငါ JC မှာ လာခဲ့ပါလား "
"အာ ငါ ဇွဲ နဲ့ သွားတွေ့မလို့ကို "
"နင်ကလည်းဟာ ရှင်မင်းထိုက်လည်း မလိုက်လာလို့ကို နော်နော် "
"ခုတောင် ၄ နာရီခွဲနေပြီ "
"ပြီးရင် သွားတွေ့လို့ရတာဘဲ မုန့်ဝယ်ကျွေးပါ့မယ်ဟယ် ငါတစ်ယောက်တည်းဖြစ်နေလို့ "မုန့်ဆိုတော့ အနည်းငယ် စိတ်ဝင်စားသွားသည် ။ ဗိုက်ကလည်း ဆာနေသည်လေ နေ့လည်ကတည်းက ကန်တင်းတောင်မထိုင်ဘဲ ထွက်လာရတာဆိုတော့ ...။
"တော့ပိုကီ စားချင်နေတာနော် "
"အေးပါဟယ် မြန်မြန်သာကြွခဲ့ပါ "
"အိုခေ "ရပါတယ်လေ ညနေလို့ ပြောထားတာဘဲ ဇွဲ ကို အတိအကျပြောထားတာမှ မဟုတ်တာ ။
နေမဝင်သေးသရွေ့ ညနေဘဲလေ ။သို့ဖြင့် JC သို့ ဦးတည်လိုက်သည် ။
》》》》》》》
"ဟယ်လို မင်းယံလား "
"ဟုတ် ကိုထိုက်ပြော "
"ငါမင်းကို မေးစရာရှိလို့ "
"သေချာတယ် ကိုထိုက် ဟိုအစ်ကို မင်းခန့်ဇေကို ချစ်နေတာ "
"သူတောင်းဇားလေး မေးတောင် မမေးရသေးဘူးလေ "
"ခွီး "သိနေတယ်လေ မမမေ ဖုန်းဆက်ပြီး ပြောထားပြီးသား ။ ညီမင်းယံတို့က ကြိုသိထားပြီးသားလေ ဟင်းဟင်း ။
![](https://img.wattpad.com/cover/144408751-288-k941883.jpg)
YOU ARE READING
Opposite
RomanceCover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား ? [ ဒါလေးကလည်း ပေါ့ပေါ့ပါးပါး BL fic လေးတစ်ခုပါ 💙 ]