Opposite
Ep_23မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှ တစ်ဆင့် ဖြတ်သန်းကာ အခန်းတွင်းသို့ ဝင်ရောက်လာသည် ။ နွေးထွေးသော လေညှင်းလေးများကလည်း တစ်ဖြူးဖြူး တိုက်ခတ်နေသည် ။
ကြီးမားသော နှစ်ယောက်အိပ် ကုတင်ထက်တွင် လွတ်ထွက်သွားမှာကို ကြောက်သည့်အလား တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ ဖက်တွယ်ထားသည့် လူသားနှစ်ဦး အိပ်ပျော်နေကြသည် ။
"ထိုက်ထိုက် ထတော့ မိုးလင်းနေပြီ "
"အင်းးးး အိပ်ချင်သေးတယ် "
"ဘေဘီလေးရေ ထတော့ကွာ "
"အင်း "အိပ်ချင်မူးတူးဖြင့် ပြန်ဖြေနေသည့်ပုံလေးက အသည်းယားစရာ ။ ခုထိ မျက်လုံး မဖွင့်သေး ။ မနေ့ညက မူးရူးပြီး သောင်းကျန်းထားတာ သူမဟုတ်သည့်အတိုင်း နှစ်ခြိုက်စွာ အိပ်နေပုံက ဖြူစင်သည့် ကလေးငယ်လေးတစ်ဦးနှယ် ။
"ဘေဘီလေး ဒီနေ့ကျောင်းမတတ်ဘူးလား"
"ညနေ ကျူတိုချိန်မှ သွားဖြေမယ်လေ "
"မရဘူး ထတော့ အိပ်ပုတ် "
"ခေါင်းကိုက်ရတဲ့အထဲကွာ မင်းအရမ်းနားငြီးတယ် "
"ငမူးလေး တအားသောက်ထားတာကို ခံပေါ့"မထချင်ထချင်ဖြင့် မျက်လုံး အတင်းဆွဲဖွင့်ကာ ထထိုင်နေသည့်ကြားက လက်သီးထောင်ပြနေသေးသည် ။
"သေမယ် "
"Morning kiss လေးမပေးချင်ဘူးလား ဘေဘီလေး "
"အာ ဘာတွေလာပြောနေတာလဲ "အခုမှ အသည်းအသန်တွေ ရှက်ပြကာ ပါးတွေနီရဲလာပြီး ကုတင်ပေါ်က ထပြေးဖို့ ကြံသည် ။
ဒါမျိုးတော့ မင်းခန့်ဇေ လက်မခံပါ ။
ထွက်ပြေးဖို့ကြံနေတဲ့ ကောင်လေးကို လက်ကောက်ဝတ်ကနေ ပြန်ဆွဲချကာ
ရင်ခွင်ထဲ သိမ်းကြုံးဖတ်ထားလိုက်သည် ။
နီရဲနေတဲ့ ပါးလေးထဲကို နှာခေါင်းနစ်ဝင်သွားသည့် အထိ နမ်းရှုံ့လိုက်သည် ။"ဖယ်ကွာ မင်းအသားကိုယူတယ် "
"အောင်မာ မင်းညက သောင်းကျန်းတာတော့ ကောင်းတယ်လား "
"ဘာလဲ မသိဘူး သွားပြီ "
"သောက်ကလေး "မသိချင်ယောင်ဆောင်ကာ ရေချိုးခန်းထဲ အမြန်ပြေးလာလိုက်ရသည် ။ ညက မူးမူးဖြင့် ဇေ ကို ဝုန်းကနဲ ပစ်လှဲချပြီး လုပ်ချင်ရာလုပ်ခဲ့သည်လေ ။ ပြန်တွေးမိတိုင်း ရှက်လိုက်တာဆိုတာ ။

YOU ARE READING
Opposite
RomanceCover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား ? [ ဒါလေးကလည်း ပေါ့ပေါ့ပါးပါး BL fic လေးတစ်ခုပါ 💙 ]