Arthit pov
လမ်းထက်တွင်သွားလာနေကြသောကားများ..လူများဖြင့်စည်ကားလျက်ရှိသည်...ညနေခင်းတခုတွင်သူသည်လဲလမ်းမထက်တွင်လမ်းလျှောက်ရင်းလူများဈေးဆိုင်များကိုလျောက်ကြည့်နေမိသည်....သူလမ်းမထက်လျှောက်လာစဉ်လမ်းချိုးလေးတခုကိုကွေ့အဝင်သူ့လက်အားလက်ရောက်ဆုပ်ကိုင်လိုက်သောလက်ချောင်းသေးသေးလေးတေကြောင့်သူ့လက်များသည်လဲနွေးခနဲ......
"Papa!!"
ဟင်...သုံးလေးနှစ်အရွယ်ကောင်လေးသည်သူ့အားPapaဟုခေါ်လိုက်သည်တဲ့လား....ပါးဖောင်းဖောင်းလေးများဖြင့်သူ့အားမျက်လုံးများမှိတ်သွားသည့်အထိရီရင်းမော့ကြည့်နေသောကောင်လေး၏ပါးပြင်ထက်မှပါးချိုင့်လေးများသည်လဲအထင်းသား....သူထိုခလေးငယ်လေးရှေ့တွင်ဒူးထောက်ကာထိုခလေးငယ်၏ဆံပင်ပျော့ပျော့လေးများအားလက်ဖြင့်ဖွရင်း...
"သားသားကဘာလို့ဦးကိုPapaလို့ခေါ်တာလဲ...သားသားတယောက်ထဲလား...သားသားရဲ့ဖေဖေနဲ့မေမေရောမပါပူးလား..."
"သားကလာထဲကတယောက်ထဲလာတာလေ...ပီးတော့သားDaddyကသားကိုမလိုချင်ပူးနဲ့တူပါတယ်...အခုသားတယောက်ထဲဖစ်နေလို့...သားကိုပြန်ခေါ်သွားပေးပါနော်Papa...သားကြောက်တယ်...သားကိုပြန်ခေါ်သွားပေးပါPapaရယ်...အီးဟီး..."
ကျနော်အားမျက်ရည်အဝိုင်းသားဖြင့်ကျနော့်ရင်ခွင်ထဲသို့တိုးဝင်ကာငိုနေသောခလေးငယ်ကြောင့်ကျနော့်နှလုံးသားသည်လဲနာကျင်ခြင်းကြောင့်မျက်ရည်များစွာကျဆင်းလာခဲ့သည်....ခလေးငယ်အားတင်းကြပ်စွာပွေ့ဖက်ထားခဲ့မိသည်.....
ဝတ်ရုံအမဲကြီးများကိုဝတ်ထားသောလူကြီးများသည်ကျနော့်ရင်ခွင်ထဲမှခလေးငယ်အားဆွဲထုတ်ကာခေါ်ဆောင်သွားကြသည်...ကျနော်ခလေးငယ်၏လက်လေးအားတင်းကြပ်စွာဆုပ်ကိုင်ထားသော်လဲကြာကြာဆုပ်ကိုင်နိုင်ခြင်းမရှိခဲ့...ရုန်းကန်နေသောခလေးငယ်အားကျနော်ထွေးပွေ့ကာဖက်ထားခြင့်ပေမဲ့ကျနော့်ခြေထောက်တို့သည်လှုပ်ရှား၍မရခဲ့......
YOU ARE READING
I Love Your Hate
Randomသာသာမနေနိုင်လွန်းလို့ရေးလိုက်တာပါ...သာသာအခုရေးမဲ့Ficလေးကတော့Arthitနဲ့Kongpob character လေးတေကိုသုံးပီးရေးသွားမာပါ...တကယ်တော့သာသာရေးခဲ့သမျှFicတေအကုန်လုံးကSing Kristပဲရေးတာပါ..ဘာလို့လဲဆိုတော့သူတို့ရဲ့ original character လေးတေကိုပျ...