ချစ်မိတဲ့ကြယ်☆ ~Part 1~

5.1K 156 9
                                    


Singto;
ကျနော့်နာမည်က Singto Prachaya
ကျနော်က ပါးနဲ့ 'ဝေါလ်' ဆိုတဲ့ရွာလေးမှာနေတယ်
မားကတော့ နဂိုထဲက ကျန်းမာရေးမကောင်းလို့
ကျနော့ကိုမွေးရင်း ဆုံးသွားခဲ့တယ်လို့တော့ ငယ်ငယ်ကပါးပြောတာကြားဖူးတယ်
မားကို တခါတလေသတိရမိပေမယ့် မားမရှိလို့ သိမ်ငယ်စိတ်ဝင်တယ်ဆိုတာမျိုးမရှိရအောင်
အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုစိုက်ပေးခဲ့တဲ့ပါးကြောင့်
ဘဝကို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးပဲဖြတ်သန်းခဲ့ရတာ
ကျနော့အသက် ၂၀တောင်ပြည့်ခဲ့ပြီလေ
ခုဆို ကျနော့မှာ ချစ်ရတဲ့သူလဲရှိနေပြီ
(လောလောဆယ်တော့ တဖက်သတ်ပေါ့)
သူ့နာမည်က Cherryတဲ့ Cherryက သူကြီးသမီးလေ
တရွာလုံးရဲ့ အချောဆုံး အလှဆုံး မာနကကြီး စွာကလဲစွာနဲ့ ကြိုက်တဲ့သူများပေမယ့် တော်ရုံဘယ်သူမှ အကပ်မခံဘူးလေ
ကျနော်ကတော့ ငယ်ငယ်ထဲက သူ့အတွက်ဆို အချိန်မရွေး ဘာပဲလုပ်ရလုပ်ရ ဘယ်တုန်းကမှမငြင်းဘဲ အမြဲ အနွံတာခံပြီး လုပ်ပေးနေကျ သူ့ရဲ့ငယ်ပေါင်းသူငယ်ချင်းကြီးဖြစ်နေတော့ အများအမြင်မှာ Cherryနဲ့ အနီးကပ်ဆုံး အခွင့်ထူးခံလူတန်းစားဖြစ်နေခဲ့တာ
Jimmyဆိုတဲ့ကောင် အပြောကောင်းကောင်းနဲ့
ငွေသုံးပြီး လိုက်မကပ်ခင်အချိန်ထိပေါ့
သူက ကျနော့ထက်ချမ်းသာတော့ Cherryအကြိုက်တေကို ငွေအားကိုးနဲ့ လိုက်ဖြည့်ဆည်းပေးပြီး အပြောချိုချိုတေနဲ့ချုပ်နေတာလေ Cherryကို မယုံတာမဟုတ်ပေမယ့် ပြိုင်ဖက်ပေါ်လာတော့ ကျနော် နဲနဲစိုးရိမ်မိလာတယ် တနေ့နေ့ဆိုတာ ကြိုမြင်ရတာမှမဟုတ်တာ အဲ့တော့ တခုခုသေချာအောင်လုပ်ထားရမယ် ဟုတ်တယ် ...
<<<<<<<<<<<<<>>>>>>>>>>>>>>>>

Sing: ဟိုလေ Cherry နင်ငါ့ကို ဘယ်တော့အဖြေပြန်ပေးမှာလဲဟင်

Cherry: အွန်း...ငါစဉ်းစားနေတုန်းးး

Sing: နင်ပဲပြောတော့ ငါ့ကိုသံယောဇဉ်အရှိဆုံးဆို ဘာတေများ အဲ့လောက်တောင် စဉ်းစားနေတာလဲဟာ ခုဆို Jimmyကလဲ နင့်ကို သိသိသာသာကိုချဉ်းကပ်နေတာ ငါရင်တေပူနေပြီ နင့်ကိုမယုံတာမဟုတ်ပေမဲ့ ငါ့ဖက်ကိုလဲ ငဲ့ကြည့်ပေးအုံးလေ ငါ့မှာတော့ ငယ်ငယ်ထဲက နင့်မျက်နှာတခုထဲမျှော်ကြည့်ပြီး နေခဲ့ရတဲ့ကောင်ပါ ငါ့ကို ပြတ်ပြတ်သားသားအဖြေတခုတော့ ပေးစေချင်ပြီကွာ

ချစ်မိတဲ့ကြယ်☆Where stories live. Discover now