'ပါပါး'
'ဟာ ပါးသားလေးနိုးပြီလား'
မျက်လုံးလေးကိုလက်တစ်ဖက်နဲ့ပွတ်သပ်ရင်းခြုံစောင်တန်းလန်းကြီးကိုလည်းလက်တစ်ဖက်နဲ့မထားတဲ့ကလေးငယ်လေးကခေါင်းလေးငြိမ့်ပြလေသည်'ဗိုက်ဆာပြီးလား သား'
ခေါင်းလေးကိုတဆတ်ဆတ်ငြိမ့်ပြတဲ့သားငယ်ကိုကြည့်ရင်း နှစ်ခြိုက်စွာပြုံးနေတဲ့သက်လတ်ရွတ်အမျိုးသားတစ်ယောက် အင်း သူတို့ဘဝလေးကငြိမ်းချမ်းနေလိုက်တာ'ပါးသားကဗိုက်ဆာနေပြီကိုး လာ မျက်နှာသစ်ပြီးရင်မုန့်စားကြမယ်နော်'
သားဖြစ်သူရဲ့ပါးကိုတစ်ချက်နမ်းရင်းပွေ့ချီကာရေချိုးခန်းထဲကိုဝင်သွားလေသည်စားပွဲပေါ်မှာအငွေ့တလောင်းလောင်းဖြစ်နေတဲ့ နွားနို့ခွက်လေးရယ်စတော်ဘယ်ရီယိုသုတ်ထားတဲ့ပေါင်မုန့်ချပ်လေးတွေကကျန်ရစ်စွာ
*****
'ဒယ်ဒီ'
'ဟင်'
သတင်းစာဖတ်နေရင်းပြန်ဖြေတဲ့အဖေဖြစ်သူကိုကြည့်ကာ'သူငယ်ချင်းဆိုတာကဘယ်တော့လာမှာလဲ'
သားဖြစ်သူရဲ့စကားကြောင့်သတင်းစာဖတ်နေသောအမျိုးသားမှာဖတ်လက်စသတင်းစာကိုခေါက်ရိုးကျိုးခေါက်လိုက်ကာစားပွဲပေါ်သို့တင်လိုက်လေသည်'လာမှာပေါ့ကွ ခဏနေရင်'
ပြုံးရင်းပြန်ပြောလိုက်ပေမဲ့သားတော်မောင်မှာသူ့ကိုတစ်ချက်သာကြည့်ကာ အိမ်အပေါက်ဝကိုသာလှမ်းလှမ်းကြည့်နေတာကြောင့်ခေါင်းတစ်ချက်ခါကာရယ်လိုက်မိသည်'ဒယ်ဒီ့ဟာကလည်းကြာလိုက်တာ သားကသူနဲ့ဘောလုံးကန်ချင်လို့ပါဆို'
နှုတ်ခမ်းကစူထော်ကာအိမ်အပေါက်ဝကိုသူ့မှာကြည့်နေရတာအမော'လာမှာပေါ့သားငယ်ရယ် ဒီကလေးနှယ့်အရမ်းအဖော်မင်တာပဲ'
ဘေးနားကအမေဖြစ်သူရဲ့စကားကသူ့နားထဲဝင်ပုံမရ ဖင်တကြွကြွနဲ့အိမ်ပေါက်ဝကိုမျှော်နေလေရဲ့ရှင်းဘုန်းပိုင် သူ့နာမည်ကရှင်းဘုန်းပိုင် တစ်နည်း ခေတ်သစ်ဝူခုန်းအသေးစားလေး မျောက်တို့ရဲ့ဘုရင်ရှင်သခင်လို့တောင်တင်စားရမယ့်မျောက်လောင်းလေး သူ့ရဲ့စူပါ ပါဝါကတော့တစ်အိမ်လုံးကို5မိနစ်လောက်နဲ့ဗြောင်းဆန်အောင်သောင်းကျန်းနိုင်စွမ်းဖွနိုင်စွမ်းပင် ဒါတင်ဘယ်ဟုတ်မလဲ ဖျက်ဆီးရေးမှာနံပါတ်၁ချိတ်သူ သူ့လက်ထဲရောက်တဲ့အရုပ်မှန်သမျှတစ်ရက်ခံရင်ကံကောင်း ဒါပေမဲ့လည်းအဲ့ကလေးလေးကလူကသာ5နှစ်ပဲရှိသေးတာ ရုပ်ကလေးကပျိုတိုင်းကြွေ အဲ ကလေးမလေးတိုင်းကြွေမယ့်ရုပ်နဲ့ ချေမိုးနေတဲ့ရုပ်လေးကိုပဲချစ်ဖို့ကောင်းတယ်နဲ့သည်းသည်းလှုပ်နေကြတဲ့လူတွေအကြောင်းစဉ်းသာစဉ်းစားကြည့်ကြပါတော့

YOU ARE READING
『Loving My Best Friend』
Romanceမျက်ဝန်းညိုတို့ကိုစိုက်ကြည့်မိတဲ့တစ်ခဏ ထိုမျက်ဝန်းတွေထဲကြယ်တာရာများခဏစုဝေး၏ အရည်လဲ့တဲ့မျက်ဝန်းတွေကတောက်ပစွာ ခေါင်းကိုငြိမ့်ကာပြုံးလိုက်ပါသောတစ်ခဏ ဘုရား ငါမင်းလိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်အောင်မလုပ်ပါနဲ့လား. . .