အပိုင်း - ၁

100K 5.3K 56
                                    

Unicode

ဆောင်းရာသီ၏အငွေ့အသက်ဖြစ်သော ချမ်းအေးခြင်းက မဆိုသလောက်လေးအစပြုလာသည်။ မနက်၆နာရီတောင်မထိုးသေး ဘေးအိမ်ကဆူညံသံကြောင့် မြတ်မင်းခန့်တစ်ယောက်နိုးလာတော့သည်။ ဒီအသံတွေကြောင့် ဒီအိမ်ကိုစပြောင်းလာတုန်းကတော့ သူအတော်နေရခက်သည်။ သို့သော်နောက်ပိုင်း သူနေသားကျလာသည်။ ထိုအသံတွေကြောင့် မြတ်မင်းခန့်ဝရန်တာမှထွက်ကြည့်မိသည်။ ခြံထဲတွင် စကားအချေအတင်ပြောနေသောသားအမိနှစ်ယောက်ကို သူတွေ့လိုက်ရသည်။ တီရှပ်အင်္ကျီအဖြူနဲ့ကာတွန်းဘောင်းဘီဝတ်ထားတဲ့ကောင်လေးကို သူ့အမေဆူနေတာမှန်း သူသိလိုက်ရသည်။

"ခွမ်း!!"

"ဟဲ့ နင့်ကိုငါခိုင်းလို့လား၊ မခိုင်းဘဲနဲ့ဘာလို့လုပ်လဲ၊ အခုတော့ ပန်းအိုးကွဲတာပဲအဖက်တင်တယ်"

"အိုမားကလည်း သားလည်းတမင်ခွဲပါ့မလား၊ အခုဟာက သားရေတွေနဲ့ချော်လဲသွားလို့လေ၊ သားဖင်နာသွားပြီအိုမားရဲ့"

"ဟဲ့! နင်ကိုကလျှာရှည်တာလေ၊ လပြည့်နေကြီးနော် ငါဒေါသမထွက်ချင်ဘူး၊ ငါ့ပန်းအိုးပြန်ဝယ်ပေး"

သူ့ဖင်လေးကို လက်ကလေးနဲ့အသာပွတ်ပြီး အမေကိုပြန်ပြောနေတဲ့သုခမြင့်မြတ်။

"စောစောစီးစီးထလာပြီးငြိမ်ငြိမ်တစ်စက်မှမနေဘူး၊ ခိုင်းတဲ့ဟာကျမလုပ်ဘူး၊ မခိုင်းတဲ့ဟာကျတော့လုပ်တယ်၊ ငါမွေးထားတာမျောက်လားလူလားတောင်မသဲကွဲဘူးအေ"

"ရတယ် ရတယ်၊ အိုမားရဲ့ပန်းအိုးကို ပြန်ဝယ်ပေးမယ်၊ တော်ပြီ သွားအိပ်တော့မယ်"

သူ့ဖင်လေးသူပွတ်ပြီး ခြေထောက်ဆောင့်ကာ အိမ်ထဲဝင်သွားတဲ့ကောင်လေးကိုကြည့်ပြီး သူရယ်မိသည်။

"အေး အိပ်၊ နင်ကအိပ်နေတာပဲကောင်းတယ်"

ထိုအမျိုးသမီးက အိမ်ထဲကိုလှည့်ဝင်မည်အလုပ် ဝါရန်တာတွင်ထွက်ကြည့်နေသောမြတ်မင်းခန့်ကိုတွေ့သွားသည်။ သူမအရမ်းအားနာသွားသည်။ သူမတို့သားအမိနှစ်ယောက်အသံကြောင့် နိုးသွားသည်မဟုတ်လား။ သူမအားနားနာနဲ့ပြုံးပြလိုက်ပြီး ...

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now