Extra - 3

19.9K 1.3K 22
                                    

Unicode

"ကိုကိုရေ သားလမ်းထိပ်ခဏသွားဦးမယ်နော်"

"နေဦး သု ......"

မြတ်မင်းခန့်စကားပင်မဆုံးလိုက်ပါ။သုခကလမ်းမရောက်သွားခဲ့ပြီ။သူကလေးကိုမတားပါဘူး။ကလေးကသူ့ကိုကတိပေးထားတယ်မလား။သူကလေးကိုယုံကြည်တယ်။

သုခမြင့်မြတ်တစ်ယောက်မေမေပေးထားတဲ့မုန့်ဖိုးတစ်သောင်းနဲ့ဗျောက်အိုးဝယ်ဖို့ထွက်လာခြင်းဖြစ်သည်။

"သုခမြင့်မြတ်!!!"

"မေမေ .. မေမေက ဒီကို ဘယ်လိုလုပ်ပြီး......"

"သိတယ်လေ သိနေတယ် ၊ နင့်ကိုမွေးထားတဲ့အမေပါအေ လာ လာ လာခဲ့"

‌‌‌ဒေါ်ခင်သန္တာ သုခနားရွက်ကိုဆွဲပြီးအိမ်ကိုပြန်ခေါ်သွားသည်။သုခလေးနားရွက်အဆွဲခံထားရတာနာလွန်းလို့မျက်နှာလေးကရှုံ့မဲ့လို့နေသည်။

"မေမေ အာ့ နာတယ် လွှတ်ပါဦး"

"မလွှတ်ဘူး အသက်ကဖြင့်ဖင်ဆောင့်နေပြီ ၊ အခုထက်ထိ ကစားချင်သေးတယ် ဟမ် နင့်ကိုကိုရော"

"အပေါ်မှာရှိတယ် ဟင့် မေမေနာလို့ လွှတ်ပေးပါဦး"

"မလွှတ်ဘူလို့ငါပြောနေတယ်လေ ၊ ကိုခန့်ရေ ကိုခန့် ဆင်းခဲ့ဦး"

"ဗျာ လာပြီအမေ"

မြတ်မင်းခန့်အမေ့အသံကိုကြားတော့အပေါ်မှကပျာကယာပြေးဆင်းလာသည်။

"ဟဲ့ ကိုခန့် နင်ဘာလုပ်နေတာလဲ"

"သားမီးပူတိုက်မလို့ ၊ အမေ ကလေးကိုလွှတ်ပါဦး နော် ၊ ကလေးနာနေတော့မှာပဲအမေရယ်"

"ဪ ကောင်းသားပဲ ၊ သုခ နင်ကကိုခန့်ကိုမကူညီဘဲ ထွက်ဆော့နိုင်သေးတယ်ပေါ့လေ"

"မေမေကလည်း ကိုကိုကသူ့ဘာသာသူလုပ်မယ်ပြောတာကို"

"ငါနော် သေသာသေလိုက်ချင်တယ်အေ ၊ ကိုခန့် နင့်ဟာလေးကလမ်းထိပ်မှာဗျောက်အိုးသွားဝယ်နေတာ သိရဲ့လား"

"သိတယ်အမေ ၊ ကလေးကပြဿနာမဖြစ်စေရဘူးလို့ကျွန်တော့်ကိုကတိပေးထားတယ်အမေရဲ့"

ဒေါ်ခင်သန္တာဘာဆက်ပြောရမှန်းတောင်မသိတော့ပါ။ကိုခန့် သူမသားကိုအလိုလိုက်ချက်ကတော့သူမတောင် လိုက်မမီတော့ပါ။

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now