အပိုင်း - ၁၅

26.8K 1.7K 20
                                    

Unicode

"Happy Birthdayကိုယ့်ကလေးလေး........Will you marry me?"

"Wow! ၊ အား သေပါရ‌စေ ၊ ငါငိုနေပါပြီနော် ၊ အား ကလေးရေလက်ခံလိုက်ပါဆို၍ အော်တဲ့သူကအော် ၊ လက်ကိုက်တဲ့သူတွေကကိုက်နဲ့ဖူဂျိုရှီမမများ၏အသံများသာဖြစ်သည်။သုခလေးကတော့ထိုအော်သံတွေကြားမှာချောကလက်ဗူးကြီးနဲ့ပန်းစည်းကြီးကိုကိုင်ပြီးမျက်ရည်တွေဝဲနေရှာသည်။

"ကိုကြီး သုသု မတ်တပ်သေနေပြီလားမသိဘူး"

နှစ်ကိုယ်ကြားကြားနိုင်လောက်တဲ့အသံနဲ့ရွှေရည်လင်းကပြောလိုက်သည်။သုသုတစ်ယောက်ငိုမဲ့မဲ့လေးဖြစ်လာလို့မြတ်မင်းခန့်ပျာယာခတ်သွားသည်။

"အူးဝါး"

"ဟင် ကလေး ဘာလို့လဲ မကြိုက်လို့လား"

"ဟင့် အဟင့် ကိုကိုကသားမွေးနေ့ကိုမေ့နေတယ်ထင်နေတာ"

"ဘာလို့မေ့ရမှာလဲသုသုရာ မေ့စရာလား ၊ တိတ်တိတ် လူတွေအများကြီးကြည့်ကုန်ပြီလေ"

သုခပါးပြင်ပေါ်ကမျက်ရည်လေးတွေကိုဖယ်ရှားပေးလိုက်ပြီးချက်ချင်းသုခရှေ့တွင်သူဒူးတစ်ဖက်ထောက်ထိုင်လိုက်သည်။ဘောင်းဘီအိတ်ထဲကကတ္တီပါဘူးလေးတစ်ဘူးထုတ်လိုက်သည်။

"ကိုယ်တို့လက်ထပ်ရအောင်ကလေး"

သုခကတော့မျက်ရည်တွေကြားကနေခေါင်းညိမ့်သည်။သုခခေါင်းညိမ့်လိုက်တာနဲ့လက်စွပ်လေးတစ်ကွင်းကလက်သန်းကြွယ်လေးကိုရစ်ပတ်လာသည်။

"ကိုယ့်ကိုလက်ခံပေးတဲ့အတွက်ကျေးဇူးပါကလေး ၊ ကိုယ်မင်းကိုချစ်တယ်

"သားလည်းကိုကို့ကိုချစ်တယ်"

သုခရဲ့နဖူးလေးကိုအသာအယာလေးအနမ်းခြွေရင်းနဲ့သုခလေးဆီကလက်ထပ်ခွင့်ကိုလူအများရှေ့မှာသူရရှိခဲ့လိုက်သည်။

"ကိုကို အဲ့တာဘာလဲ"

"အဲ့တာက တစ်လစာ ရောင်းအားစာရင်း ၊ ကလေး အိပ်ချင်ပြီလား အိပ်တော့လေ"

"မရပါဘူး ကိုကိုပြန်မှအိပ်မှာ သားစာလုပ်ဦးမယ် ၊ မနက်ဖြန်Tutorialဖြေဖို့ကြည့်ရဦးမယ်"

ပြောတုန်းကတော့အားမာန်တက်ကြွစွာနဲ့ပြောသွားတာလည်းသုသုပဲ။ကုတင်ပေါ်တက်ပြီးစာအုပ်လေးခေါင်းအုံးရင်းအိပ်ပျော်သွားတာလည်းသုသုပဲ။

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now