အပိုင်း - ၁၉(Part 2)

23.8K 1.7K 14
                                    

Unicode

"ကိုကို ထတော့လေကွာ အလုပ်နောက်ကျတော့မယ်"

"ငါးမိနစ်ကလေးရာ ခဏလေးပါ ကိုကိုအရမ်းအိပ်ချင်နေလို့"

မြတ်မင်းခန့်သုခကိုဆွဲဖွက်လိုက်သည်။သုခ၏ကိုယ်သင်းရနံ့လေးကိုသူကြိုက်သည်။တစ်နေ့တခြားပိုပိုချစ်လာသည်။သုခနဲ့ပတ်သက်ရင်သူ့အတွက်ဟောင်နွမ်းသွားသည်မရှိ။ရိုးသွားသည်မရှိ။

"ကိုကို"

"......."

"ကိုကိုလို့ သားအလုပ်သွားရဦးမယ် ၊ သားကကိုကို့လိုကုမ္ပဏီပိုင်ရှင်မဟုတ်ဘူး ၊ နောက်ကျရင်အလုပ်ပြုတ်လိမ့်မယ်"

"ပြုတ်လည်းပြုတ်ကွာ ၊ ကိုယ်ကလေးကိုအပ်တဲ့ပိုက်ဆံတွေနဲ့သူတို့ကိုဖို့သတ်ပြီးထွက်လာခဲ့လိုက် ၊ အခုတော့ ကိုယ်ကလေးကိုဖက်ထားချင်သေးတယ် ငြိမ်ငြိမ်နေကွာ"

"ကိုကို သားအသက်ရှူကြပ်လာတယ် တင်းကြပ်နေအောင်ဖက်မထားနဲ့လေ အဟွတ်"

"အင်း အင်း နည်းနည်းလျော့ပေးမယ်"

ဖက်ထားတဲ့လက်နှစ်ဖက်ကိုအနည်းငယ်လျော့ပေးလိုက်သည်။

"ကိုကို့ဆီကမွှေးနေတာပဲနော်"

"ညကဆွတ်ထားတဲ့ရေမွှေးနံ့နေမှာပေါ့"

"မဟုတ်ဘူး ကိုယ်သင်းရနံ့ကိုပြောတာ ကိုကို့ရဲ့ကိုယ်သင်းရနံ့ကအရမ်းမွှေးတာပဲ"

သူလေးဘယ်သိမလဲ။မြတ်မင်းခန့်ကသူ့ရဲ့ကိုယ်သင်းရနံ့ကိုအမြဲတမ်းခိုးနမ်းနေတယ်ဆိုတာ။

"အင်း"

"ကိုကို လွှတ်တော့လေ သားအလုပ်သွားတော့မယ်လေနော်"

"ကလေးကလည်းကွာ"

"ကိုကိုကလည်း ......."

အဲ့အသံလေးနဲ့တင်မြတ်မင်းခန့်အရည်ပျော်သွားပါပြီ။သူ့ကလေးငယ်ကိုအလုပ်မလုပ်စေချင်ပေမဲ့အရမ်းတွေအလုပ်လုပ်ဖို့တက်ကြွနေသည့်ကလေးငယ်သုခကြောင့်သူခွင့်ပြုခဲ့ရသည်။ထိုအသံပိစိလေးကြောင့်သူလွှတ်ပေးလိုက်ရပါသည်။

"ကိုကို ထတော့ ရေမိုးချိုး အဝတ်လည်းထုတ်ပေးထားတယ် ၊ မုန့်လည်းအဆင်သင့်ပဲ စားပြီးမှသွားနော် ၊ သားသွားပြီတာ့တာ"

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now