အပိုင်း - ၅

40.5K 3.1K 32
                                    

Unicode

သုသုမှာ ပါးနီဆိုးစရာမလိုတဲ့ပါးဖောင်းဖောင်းလေးတွေရှိတယ်။နှုတ်ခမ်းနီဆိုးစရာမလိုတဲ့ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးရှိတယ်။ဖြောင့်စင်းနေတဲ့နှာတံလေး၊ပျော့အိပြီးအမြဲတမ်းမွှေးနေတဲ့ဆံပင်အုပ်အုပ်လေး၊နားရွက်သေးသေးလေးရယ်၊နို့နှစ်ရောင်အသားအရည်လေး၊လက်သေးသေးလေးနဲ့လုံးပြည့်နေတဲ့ခန္ဓာကိုယ်လေးရှိတယ်။ဘယ်သူကသူ့ကိုဆယ်တန်းကျောင်းသားလို့ထင်မလဲ။ပုမှနုတာဆိုတဲ့စကားက သုသုနဲ့ကွက်တိပဲ။အဲ့လိုပြောရင်ထိုကလေးကစိတ်ဆိုးသေးသည်။သူကပုတာမဟုတ်ဘူးတဲ့။ကျန်တဲ့သူတွေကသာရှည်ချင်တိုင်းရှည်နေကြတာတဲ့။တကယ့်ကလေးလေး။ကျွန်တော်ကတော့ သူ့ဘေးနားမှာနေရင်းနဲ့ပဲအရည်တွေပျော်နေရပါပြီ။

"မိရွှေ မိရွှေ"

ရွှေရည်းလင်းရဲ့အိမ်ရှေ့မှသုခလှမ်းခေါ်နေခြင်းဖြစ်သည်။

"လာပြီဟဲ့ အာပြဲနဲ့အော်မနေနဲ့။"

တံခါးဖွင့်ပေးဖို့အရေး ဟိုကြည့် ဒီကြည့်လုပ်နေတဲ့ရွှေရည်လင်းကို သုခဒေါသထွက်လာတော့သည်။

"မသာမရေ ဖွင့်လေဟာ ဘာတွေကြည့်နေတာလဲ။"

"ဖွင့်မယ်။ဖွင့်မယ်။နင့်ကိုကိုမပါဘူးလား။"

"မပါဘူး။မနေ့ကအလုပ်ကိစ္စနဲ့စင်္ကာပူကိုထွက်သွားတယ်။"

"ဟုတ်လား။ဒါဆိုနင်လွမ်းနေတော့မှာပဲ။သနားပါတယ်ငါ့ရဲ့သုသုလေး။"

ပြောလည်းပြောခေါင်းကိုလည်းလာပွတ်တဲ့ရွှေရည်လင်းကိုပိုဒေါသထွက်လာသည်။ရွှေရည်ရဲ့လက်ကိုပုတ်ချပြီးဖယ်လိုက်သည်။

"ငါကဘာလို့လွမ်းရမှာလဲ။မလွမ်းဘူး။"

"အေးပါဟာ။အေးပါ။လာရင်းကိစ္စပြော။"

"မနက်ဖြန်ဖြေဖို့အဆင်သင့်ပဲလား။"

"အဆင်သင့်တော့ဖြစ်ပြီ။ရင်တော့ခုန်တယ်ဟ။"

"အေးငါရောပဲ။"

"အယ်!!!ဟုတ်လို့လား။နင်ရင်ခုန်တာနင့်ကိုကိုမဟုတ်ဘူးလား။"

"သောက်ကောင်မ စကားအကောင်းပြောနေတာဟာ။ထမဖောက်နဲ့။"

"အေးပါ။ကဲ လာရင်းကိစ္စပြောလို့။"

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now