အပိုင်း -၃

45.8K 3.8K 70
                                    

Unicode

"အား!!!နာတယ် အိုမားရဲ့ မရိုက်နဲ့လို့ အား!!!"

"အခုမှအော်မနေနဲ့ စာမေးပွဲကမနက်ဖြန်ဖြေရမှာ အခုထက်ထိဆော့ကောင်းတုန်း ဟုတ်လားဟမ်။"

"စာတွေကရနေပြီအိုးမားကလည်းပျင်းလို့ဆော့တာပါဆို အား!!!နာတယ်။"

ထိုအသံကိုမြတ်မင်းခန့်ကြားတော့သုခတို့အိမ်သို့ရောက်သွားသည်။ဘာဖြစ်လို့မှန်းတော့သူမသိ။သုသုကိုအန်တီကကြိမ်လုံးနဲ့ရိုက်နေပြီးသုသုကပတ်ပြေးနေသည်။သူဝင်လာတာတွေ့တော့သုသုမျက်နှာငယ်လေးနဲ့သူ့ကိုလှမ်းကြည့်ပြီးအကူအညီတောင်းနေသည်။မြတ်မင်းခန့်ဝင်တားရပါတော့သည်။မြတ်မင်းခန့်သုခအရှေ့မှဝင်ကာလိုက်သည်။

"အန်တီ အန်တီ ကလေးကိုမရိုက်ပါနဲ့တော့။သူလည်းနာနေပြီ။"

"ကိုကို သားနာတယ် ဟင့်"

မြတ်မင်းခန့်ရဲ့အနောက်မှာအင်္ကျီစလေးကိုဆွဲပြီးပုန်းနေတဲ့သုခရဲ့မျက်နှာလေးကငိုမဲ့မဲ့လေးဖြစ်နေသည်။

"ဖယ်ပါသားရယ်။သားကအဲ့လိုအလိုလိုက်လေ သူကဆိုးလေသားရဲ့။"

"ဖယ်ပေးမယ်အန်တီ။ဒါပေမဲ့ပါးစပ်နဲ့ပဲပြောပါ။မရိုက်ပါနဲ့တော့။"

"အေး ကြပ်ကြပ်အလိုလိုက် အဲ့တာကြောင့်ဒီကလေးကအဲ့လိုဆိုးနေတာ"

သုခအမေနဲ့မြတ်မင်းခန့်တော်တော်ပင်ခင်မင်နေကြပြီဖြစ်သည်။တစ်ခါတစ်လေမြတ်မင်းခန့်ကိုထမင်းအတူလာစားခိုင်းသည်။တစ်ခါတစ်လေမြတ်မင်းခန့်ကလည်းသုခလေးကိုစာသင်ပေးသည်။သုသုကိုအိမ်ပေါ်တက်ရန်မြတ်မင်းခန့်ကမျက်နှာရိပ်မျက်နှာကဲပြလိုက်သည် ။သုသုတက်သွားတာမျာတန်းနေတာပဲ။လှည့်တောင်မကြည့်ဘူး။

"ထိုင်ပါဦးအန်တီရယ် အန်တီလည်းမောနေပြီ။ဘာဖြစ်တာလဲအန်တီ သုသုဘာလုပ်ပြန်ပြီလဲ"

"သီတင်းကျွတ်နဲ့တန်ဆောင်တိုင်လည်းပြီးပြီသားရယ် အဲ့တာကိုဘယ်ကာလထဲက သိမ်းထားတဲ့ဗြောက်အိုးတွေလဲတော့မသိဘူး အဲ့တာတွေယူပြီးဟိုဘက်လမ်းကကလေးတွေနဲ့သွားဖောက်တယ်လေ။မခံနိုင်တဲ့သူကရပ်ကွက်ရုံးသွားတိုင်ရောရုံးမှာ လိုက်ပြီးလက်မှတ်လိုက်ထိုးလိုက်ရတယ်။"

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now