Unicode
မနက်စောစီးစီးသုခဆီကဖုန်းဝင်လာသည်။အမေကိုသတိတော့ရရှာသေးသားလို့တွေးရင်းဖုန်းကိုင်လိုက်သည်။
"အေးသားလေးပြော
မေမေနေကောင်းတယ်မလားဟင် ၊ သားလည်းလာမယ် လာမယ်နဲ့အလုပ်တွေနဲ့ပိနေတော့မလှုပ်နိုင်ဘူးဖြစ်နေတာ
"အမယ်လေး မလာပါနဲ့မျောက်လောင်းရယ် ၊ ငါ့ဘာသာပုတီးစိပ်နေရတာအေးချမ်းတယ် ၊ ကဲ ဘာပြောချင်လို့လဲပြော"
"ဒီနေ့ကလေကိုကို့မွေးနေ့လေ ၊ အဲ့တာကိုကို့ဘာပေးရမှန်းမသိလို့မေမေ့ကိုလှမ်းမေးတာ"
"ဪ သားကလည်းကိုကိုဘာတွေလိုအပ်နေလဲဆိုတာသေချာစဥ်းစားကြည့်လေ ၊ သားကအနီးဆုံးလူပဲဟာအသိဆုံးဖြစ်မှာ ပေါ့"
"စဉ်းစားရမယ်ဆိုရင်.......သားလည်းမသိတော့ဘူးမေမေ ၊ ကိုကို့မှာအကုန်ရှိနေသလိုပဲ အင်္ကျီ ပုဆိုး ဘောင်းဘီ ဖိနပ် နာရီ စုံနေပြီ"
"အကျိုးနည်း ငါလည်းမသိတော့ဘူးအေ"
"ဟာ မေမေရာ လုပ်ပါ စဥ်းစာပါဦး ၊ ကိုကိုအစည်းအဝေးလုပ်နေတုန်းအလုပ်ကနေလစ်ထွက်လာတာ ၊ ကိုကိုမသိခင်ပြန်ပြေးရမှာ ၊ ဘာဝယ်ရမှန်းမသိလို့မေမေ့ဆီဖုန်းဆက်တာ"
"အေးပါအေ ငါစဉ်းစားပါရစေဦး"
"Coupleဟန်းချိန်းလေးဆိုရင်ရော"
"အဲ့တာလည်းကောင်းသားပဲ ၊ နောက်တစ်ခုပြောဦးမေမေ"
"ဟယ် နောက်တစ်ခုလား"
"မြန်မြန်ပြောပါမေမေရာ သားသွားဝယ်ရဦးမှာ"
"ငါလည်းမသိတော့ဘူး ၊ ညကျမှနင့်ကိုယ်နင်ပဲလက်ဆောင်အဖြစ်ပေးလိုက်တော့ ဒါပဲ"
"ဟင်! မေမေ ဘာတွေပြောသွားတာလဲ ၊ ဟယ်လို မေမေ ..... မေမေ"
သောက်ကလေးတွေနေရာတကာအမေပဲတနေကြတယ်။အမြင်တောင်ကပ်လာပြီ။ငါ့ရှေ့ပဲလာလာရိုမန့်တစ်တွေဆန်ပြနေလိုက်ကြတာ။သားအကြောင်းပြောလို့မဆုံးသေးဘူး သားမက်ဖြစ်သူမြတ်မင်းခန့်ဆီကဖုန်းထပ်ဝင်လာပြန်သည်။
"အေး ပြောဟေ့ ပြောဟ"
"အမေ အမေ့သားလာသေးလား ၊ ရုံးမှာမရှိတော့လို့ ဖုန်းဆက်တာလည်းမကိုင်လို့"
YOU ARE READING
အမွှေစိန်လေးရဲ့ကိုကို
Romance[Unicode]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြည်ခန့်ညားတဲ့သူဌေးလေး သူတို့နှစ်ယောက်ကြားမှာပေါ်ပေါက်လာတဲ့ဖြူစင်သောချစ်ခြင်းမေတ္တာဘယ်လိုအလွဲတွေနဲ့ဘယ်လိုဖြစ်ကြမလဲဆိုတာကတော့ ............. Date - 6.11.2018 [Zawgyi]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြ...