Extra - 10(New Year Special)

15.8K 1K 62
                                    

Unicode

မနက်ဖြန်ညသည်၂၀၁၈၏နောက်ဆုံးညဟုဆိုရမည်။အခုရက်ပိုင်းတွင် ရန်ကုန်ဆောင်းကအေးလာသည်။

"ကလေး နေဦး ကိုယ်ရေနွေးစပ် ........"

မြတ်မင်းခန့်ပြောမယ့်စကားလုံးများဘယ်ရောက်သွားမှန်းမသိ။မြတ်မင်းခန့်တားမယ်ဆိုတာကိုကြိုသိနေသည့်သုခကရေချိုးခန်းထဲအမြန်ဝင်ပြီးရေပန်းကိုဖွင့်ချလိုက်သည်။

"မအေးဘူးကိုကို နွေးနေတာပဲ"

အပြင်ထွက်ရင်ရေမချိုးရဘဲမထွက်ချင်တဲ့သုသုနဲ့အအေးလှိုင်းဖြတ်လို့အေးနေတဲ့ဆောင်းတွင်းနဲ့ပြုံးပြုံးကြီးတွေ့ဆုံလေသည်။ရေလည်းချိုးပြီးရောချမ်းတဲ့သူကသူ့အပြင်နှစ်ယောက်မရှိ။ရေနွေးစပ်ချိုးပါလို့ပြောတော့လည်းအသားခြောက်တယ်ဆိုပြီးမချိုး။

"ကိုကိုရေ သားချမ်းတယ် ၊ အဲကွန်းပိတ်လိုက်မယ်နော်"

ကားထဲတွင်ချမ်းလို့ဆိုပြီးကုတ်ကုတ်လေးထိုင်နေသည်။ဒီနေ့တနင်္ဂနွေနေ့မို့လို့ ပဲခူးဘက်ကိုသွားကြသည်။

အမေ့ကိုခေါ်တော့အမေကဒီနေ့ကျောင်းကအာစရိယပူဇော်ပွဲရှိလို့ငယ်သူငယ်ချင်းတွေနဲ့ပြန်တွေ့မယ်ဆိုပြီးမလိုက်ဘဲနေခဲ့သည်။

"ကိုကိုပြောသားပဲ ရေနွေးလေးစပ်ချိုးပါဆိုတာကို"

"ကိုကိုကလည်း သားအသားအရည်တွေပျက်ဆီးတာပေါ့ ၊ အသားတွေခြောက်ပြီးကြမ်းလာရင်ဘယ်လိုလုပ်မလဲ"

"Lotionလိမ်းလို့ရတာပဲကို"

"မလိမ်းချင်ပါဘူး"

မြတ်မင်းခန့်ဘာမှဆက်မပြောနိုင်တော့ပါ။

"ကလေး ကိုယ်အိပ်ချင်လို့ ကလေးမောင်းပေးမလား"

"အဲ့တာကြောင့်သားပြောပါတယ် ၊ ညဘက်ဆိုစောစောအိပ်ပါလို့ပြောသားပဲ ၊ အခုတော့ဖြစ်ပြီ ရှေ့နားမှာရပ်လိုက် နေရာချိန်းမယ်"

"ဖြည်းဖြည်းမောင်းနော် နောက်ကျမှရောက်လည်းကိစ္စမရှိဘူး ၊ ကြားလား"

"အင်း"

သုသုတစ်ယောက်အမြန်လမ်းပေါ်မှာစိတ်ကြိုက်မောင်းနေသည်။မြတ်မင်းခန့်ကတော့ညဘက်ကစောစောမအိပ်ထားတော့အခုအိပ်လိုက်တာသိုးနေတာပဲ။

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now