Unicode
အရာအားလုံး၏အဆုံးမှာတော့ ကလေးငယ်ကချော့မရအောင်ငိုတော့သည်။
"အူးဝါး ......."
"သုသု ကိုယ် ......"
"သွားသွား ဘာမှလာမပြောနဲ့ မကြားချင်ဘူး ဟင့် သူ့ခန္ဓာကိုယ်ကြီးနဲ့သူများကိုအနိုင်ကျင့်တယ် ၊ ကိုကို့ကို၃၇၆နဲ့အမှုဖွင့်ပစ် မယ် အူးဝါး ........"
"ကိုယ်တောင်းပန်ပါတယ် ၊ ကိုယ်လည်းဘယ်လိုဖြစ်သွားမှန်းမသိဘူးကွာ ၊ ကိုကိုတောင်းပန်ပါတယ်သုခရယ် ၊ အရမ်းနာနေတာလား ......
"သိချင်ရင်ကိုကိုခံကြည့်ပါလား ၊ မညှာမတာသူ့အားကြီးနဲ့အိုမားနဲ့တိုင်ပြောမယ်"
"သုသုကိုယ့်ကိုရိုက်ချင်တယ်မလားရိုက် ၊ ထိုးချင်တယ်မလားထိုးလိုက်ပါကလေးရယ် ၊ အမေ့ကိုတော့မတိုင်နဲ့လေ ၊ ဒါမျိုးကလျှောက်ပြောလို့မှမရတာ"
"အဲ့တာဆိုထိုးမယ် သေအောင်လည်းသတ်ပစ်မှာ"
သုခလေးစိတ်ဆောင်သည့်အတိုင်းထထိုင်လိုက်သည်က .........
"အား ....... နာတယ် ကိုကို့ကိုမုန်းတယ် ၊ သွား သားနားမလာနဲ့"
ကလေးငယ်တော်တော်နာကျင်နေပုံရသည်။စိတ်လွတ်သွားသည့်သူ့ကိုယ်သူလည်းဒေါသထွက်လို့မဆုံးဖြစ်ရသည်။သူအခုလိုလုပ်လိုက်တာကလေးငယ်ဆီကခွင့်ပြုချက်တောင်သူတောင်းမိရဲ့လားဆိုတာသူရေရေရာရာမမှတ်မိတော့ပါ။သူဘာတွေဘယ်လိုလုပ်ခဲ့မိတာလဲသူမသိတော့ဘူး။မျက်နှာငယ်လေးနဲ့မျက်ရည်တွေဝဲပြီးပြောနေတဲ့သုခကိုမြင်တော့သူတော်တော်နောင်တရမိသည်။သို့သော် အသွေးအသားထဲကဖြစ်ပေါ်လာတဲ့စိတ်ရိုင်းကိုသူ မထိန်းချုပ်နိုင်ခဲ့ပါ။
"အင်းပါ အင်းပါ ကလေးကမလာနဲ့ဆိုလည်းမလာတော့ပါဘူး ၊ ဒီဆေးလေးတော့သောက်လိုက်နော်"
ဆေးလေးယူသောက်ပြီးသုခတစ်ယောက်ကုတင်ပေါ်မှာထိုင်ကာတရှုံ့ရှုံ့နဲ့ထိုင်ငိုနေသည်။မြတ်မင်းခန့်လည်းချော့ချင်ပါသည်။သူ့အမှားအတွက်တောင်းပန်ချင်ပါသည်။သို့သော်အနားမလာနဲ့လို့ပြောထားတဲ့အတွက်မြတ်မင်းခန့်လည်းအနားမသွားရဲ။မဟုတ်ရင်အခြေအနေကဒီထက်ဆိုးသွားနိုင်သည်။မြတ်မင်းခန့်ဝေးဝေးမှာထိုင်နေရင်း သုခကိုစကားလှမ်းပြောသည်။
![](https://img.wattpad.com/cover/166665917-288-k163406.jpg)
YOU ARE READING
အမွှေစိန်လေးရဲ့ကိုကို
Romance[Unicode]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြည်ခန့်ညားတဲ့သူဌေးလေး သူတို့နှစ်ယောက်ကြားမှာပေါ်ပေါက်လာတဲ့ဖြူစင်သောချစ်ခြင်းမေတ္တာဘယ်လိုအလွဲတွေနဲ့ဘယ်လိုဖြစ်ကြမလဲဆိုတာကတော့ ............. Date - 6.11.2018 [Zawgyi]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြ...