Unicode
ကို ဆိုတဲ့ခေါ်သံကြားတော့မြတ်မင်းခန့်လန့်သွားသည်။သို့သော် သူကြည့်လိုက်မှ.......
"နင် ဧကရီ ဘာလာလုပ်တာလဲ"
"အားရိုးရိုး ခင်ပွန်းလောင်းအဟောင်းကြီးရယ်စကားလေးကညင်သာလိုက်တာနော်"
"ဟာ အဲ့လိုကြီးမခေါ်စမ်းပါနဲ့ဟာ"
ဧကရီက မြတ်မင်းခန့်မိဘတွေမဆုံးခင်က မိဘချင်းသဘောတူခဲ့ဖူးတဲ့ကောင်မလေး။
"အေးပါဟယ် နည်းနည်းလေးတောင်ပြောလို့ကိုမရဘူး ၊ ရော့ ဒီမှာ ဖိတ်စာ"
အပြာရောင်ဖိတ်စာလေးတစ်ခုစားပွဲပေါ်သို့ရောက်လာသည်။
"အမယ့် ယူပြီပေါ့ အန်တီတို့ကသဘောတူလိုက်ပြီပေါ့"
"တူရမယ်လေ မတူလို့မှမရတာ ၊ အဲ့နေ့လာခဲ့ မလာရင် နင့်လာသတ်မှာ"
"အေးပါဟာ လာခဲ့ပါ့မယ်"
"ဟဲ့ နင့်ကောင်လေးရော ငါတွေ့ချင်လှပြီ ၊ ခေါ်လိုက်ပါလား ငါမြင်ဖူးချင်လို့ပါဟယ်"
"အခုသူမရှိဘူး ကျောင်းကခရီးထွက်တာလိုက်သွားတယ်"
"ဟာ နှမြောလိုက်တာအေ ၊ ငါကသူ့ကိုတွေ့ဖူးချင်လို့လာတာ"
"ဘာ!!နင်ကငါ့ကိုတွေ့ဖို့လာတာမဟုတ်ဘူးပေါ့လေ"
"ဘာလဲ ကိုကစိတ်ဆိုးသွားပြီလား"
"အမယ်လေး အဲ့လိုကြီးမခေါ်စမ်းပါနဲ့ဟာ ကြက်သီးတောင်ထတယ်"
"အေးပါ မခေါ်ဘူး"
ကိုဆိုတဲ့အခေါ်အဝေါ်ကတစ်ချိန်ကသူတို့မိဘတွေအရှေ့ရောက်ရင်ဟန်ဆောင်သုံးသည့်အသုံးအနှုန်းတစ်ခုဖြစ်ခဲ့သည်။ဧကရီ့မှာလည်းချစ်ရတဲ့သူရှိသလို မြတ်မင်းခန့်ကလည်းဧကရီ့ကိုသဘောမကျခဲ့ပါ။
"အေး နေပါဦး နင်ကငါဒီမှာရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ"
"ဧကရီပါ မပိုင်ရင်ခြင်တောင်မိရိုက်ဘူး"
"မရှိတဲ့မာန်တွေတက်မနေနဲ့"
"အေးပါဟယ် နင်ကလည်း နင်တောင်နင်တယ်"
ဧကရီနဲ့စကားပြောနေစဉ် မြတ်မင်းခန့်ဆီသို့သုခလေးရဲ့ဖုန်းဝင်လာသည်။
YOU ARE READING
အမွှေစိန်လေးရဲ့ကိုကို
Romance[Unicode]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြည်ခန့်ညားတဲ့သူဌေးလေး သူတို့နှစ်ယောက်ကြားမှာပေါ်ပေါက်လာတဲ့ဖြူစင်သောချစ်ခြင်းမေတ္တာဘယ်လိုအလွဲတွေနဲ့ဘယ်လိုဖြစ်ကြမလဲဆိုတာကတော့ ............. Date - 6.11.2018 [Zawgyi]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြ...