Extra - 2

23.2K 1.4K 17
                                    

Unicode

"ရှူး တိုးတိုး ၊ ကျွန်တော့်ကလေးလေးကအိပ်နေတုန်းဗျ"

အိပ်နေတဲ့သုခကိုတစိမ့်စိမ့်ကြည့်နေတဲ့မြတ်မင်းခန့်ကပြုံးနေပါသည်။သူဘယ်အချိန်ချိန်ကြည့်ကြည့်ဒီကလေးလေးကအသည်းယားဖို့ကောင်းနေသည်။မြတ်မင်းခန့်အိပ်ပျော်နေသည့်သုခလေးကိုကြည့်နေရတာအရမ်းသဘောကျနေသည်။သုခရဲ့လည်တိုင်လေးကိုအနမ်းခြွေလိုက်သည်။အနည်းငယ်တော့လူးလွန့်သွားပေမဲ့နိုးသွားသည်တော့မဟုတ်ပါ။သူ့ခါးကိုဖက်ထားပြီးဆက်အိပ်နေပါသည်။မြတ်မင်းခန့်သုခအနားကိုကပ်ကာတိုးတိုးလေးပြောလိုက်သည်။

"ကလေး ထတော့လေကွာ ၊ ကလေးပဲဘုရားသွားမယ်ဆို"

"..........."

သုခလေးကနိုးမလာသည့်အပြင်သူ့ရဲ့အင်္ကျီမဲ့နေသည့်ရင်ခွင်ထဲသို့အတင်းတိုးဝင်လို့လာသည်။မြတ်မင်းခန့်သဘောတကျပြုံးလိုက်မိသည်။

"ကလေး ထတော့ ခေါက်ဆွဲကြော်ဝယ်ထားတယ် ၊ မထရင်ကိုယ်အကုန်စားပစ်မှာ"

"..........."

မြတ်မင်းခန့်ငုတ်တုပ်ထထိုင်ပြီးတင်ပလင်ခွေထိုက်ကာသုခလေးကိုသူ့ပေါင်ပေါ်ကိုပွေ့တင်လိုက်သည်။သူ့လုပ်လိုက်သည်ကြောင့် အင်း,အဲနဲ့အပျင်းကြောဆန့်ပြီးနိုးလာသည်။

သုခလေးမျက်လုံးဖွင့်ကြည့်တော့သူ့ကိုစိုက်ကြည့်နေသည့်မြတ်မင်းခန့်ကိုတွေ့လိုက်ရတော့လန့်သွားသည်။

"အမေ့!"

"နှိုးလိုက်ရတာကလေးရယ် ကိုယ်အမောဆို့တော့မယ်"

"ဟီး မောနင်းကိုကို"

အိပ်ချင်မူးတူးရုပ်ကလေးနဲ့မြတ်မင်းခန့်လည်တိုင်ကိုလှမ်းဖက်ပြီးအနမ်းခြွေလိုက်သည်။မြတ်မင်းခန့် သုခကိုပိုပိုပြီးအသည်းယားလာပါတော့သည်။

"မောနင်းမဟုတ်တော့ဘူးကလေး ၊ ညလယ်တောင်ကျော်တော့မယ်"

"ဟင်! ဟုတ်လား"

မျက်လုံးလေး ကလယ်ကလယ်နဲ့အပြင်ကိုလှမ်းကြည့်လိုက်သေးသည်။အပြင်ကအလင်းရောင်ကိုတွေ့တော့သုခ မြတ်မင်းခန့်ကိုမျက်စောင်းလေးထိုးလာသည်။

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now