Extra - 11(သုခ‌လေးရဲ့လွတ်လပ်ရေးနေ့)

16.8K 1K 67
                                    

Unicode

သုခတစ်ယောက်အိမ်ထဲမှပြေးလွှား၍ထွက်လာသည်။

ဒီနေ့ ဘာနေ့။လွတ်လပ်ရေးနေ့။မဆော့ရတာကြာတော့ဆော့မယ်။ကိုကိုကလည်းခရီးသွားနေတယ်။သုခလေး အရမ်းအရမ်းပျော်ရွှင်နေပါတယ်။ဒါပေမဲ့အိုမားအလစ်ကိုစောင့်ရမယ်။အိုမားကပြောတယ်။ကလေးလိုလိုခွေးလိုလိုလုပ်မနေနဲ့တဲ့။နင့်အသက်နင်ပြန်ကြည့်ဦးတဲ့။အသက်ကဘာဖြစ်လဲ။သူ့ဘာသာသူကြီးသွားတာလေ။အရေးကြီးတာကစိတ်။စိတ်ကနုပျိုဆဲပဲ။ဆော့ဖို့အဆင်သင့်ဘဲ။ပုဆိုးတောင်ဝတ်မထားဘူးနော်။ဘောင်းဘီဝတ်ထားတာ ဘောင်းဘီ။အသေဆော့မှာ ဘယ်သူမှလာမတားနဲ့။

သုခတစ်ယောက် အားကစားပွဲကျင်းပရာနေရာသို့ချီတက်သွားတော့သည်။ရပ်ကွက်တစ်ပတ်ပြေးရမယ့်ပွဲ သုခပါသည်။ဒိုင်ကိုခေါက်ဆွဲကျွေးပြီးကလေးတွေကြားဝင်ဆော့သည်။

"ဟာ ဦးလေး ဒီဦးလေးကြီးကအကြီးကြီးပဲလေ ၊ ဘာလို့သားတို့နဲ့လာဆော့တာလဲ"

"ဪ ဒါက ဒီလိုရှိတယ် ငါကအခုမှဆယ်တန်းတက်နေတုန်း ၊ အဲ့တော့ကလေးပဲပေါ့ ဆော့တာပဲဟာ ၊ အသက်တွေခွဲခြားမနေပါနဲ့ အိုခေလား"

"ပြီးရော မညစ်ကြေးနော် ၊ ညစ်ရင်ချောင်းရိုက်မှာ"

ကလေးတွေရဲ့စကားကိုကြားရလိုက်သည့်သုခလေးကြက်သီးတွေထသွားသည်။ဒိုက်ကခရာမှုတ်လိုက်တာနဲ့သုခတို့ပြေးတော့သည်။ကလေးတွေကိုလိုက်မမီသည့်သုခဉာဏ်နီဉာဏ်နက်ထုတ်တော့သည်။

"အား!!!"

သူ့အော်သံကြားတော့ ကလေးတွေကပြေးနေရင်းရပ်သွားပြီးသူ့ကိုလှည့်ကြည့်လာကြသည်။

"ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ဘူးသိလား တာ့တာ နေခဲ့တော့"

ကလေးတွေအငိုက်မိသွားချိန်လှစ်ခနဲထပြေးပြီးအတင်းအနိုင်ယူတော့သည်။အပြေးပြိုင်ပွဲမှာသုခနိုင်သွားလေသည်။ကလေးတွေက မကြည်ကြည့်နဲ့စိုက်ကြည့်နေသည်။

"ဟဲဟဲ ဒါကတော့ကံတရားပေါ့ ၊ ကံတရားကငါ့ဘက်မှာလေ"

ကိုကိုမရှိတုန်းလွတ်လွတ်လပ်လပ်ဆော့ရတာ။မဟုတ်ရင်ကလေးရယ်မသွားပါနဲ့။တစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ကိုယ်လည်းမရှိဘဲနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့အဘိုးကြီးလို ပွားဦးမယ်။

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now