Extra - 8

19.1K 1.3K 79
                                    

Unicode

"မမသီတာရေ စာရင်းတွေလာအပ်တာပါ ၊ လချုပ်ရောနှစ်ချုပ်ရော အကုန်လုံးပဲ ပြန်စစ်စရာမလိုဘူးနော် ၊ မမသီတာလက်မှတ်ကလေးထိုးလိုက်ရုံပဲ"

"ငါ့မောင်လေးနဲ့ဆိုရင်လေအကုန်စိတ်ချပြီးသားပဲ"

"ကိုခန့်!!!"

ကိုခန့်ဆိုတဲ့ခေါ်သံသဲ့သဲ့ကိုကြားလိုက်ရတာကြောင့်သုခအခန်းပြင်ထွက်ကြည့်မိသည်။ဂါဝန်အပြာရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်မြတ်မင်းခန့်လက်ကိုပြေးတွဲလိုက်တာမြင်တော့ဒေါသမီးကဝုန်းခနဲတောက်လောက်သွားသည်။

"လက်ကိုလွှတ်ပါမဒီ"

မြတ်မင်းခန့်ပြောလိုက်သည့်စကားကြောင့်ထိုမိန်းကလေးနည်းနည်းတော့ခံရခက်သွားသည်။

"ကိုခန့်ကလည်း ဖေဖေကဒီစာချုပ်တွေပေးခိုင်းလိုက်တယ် ၊ ကိုခန့်စစ်ပြီးလက်မှတ်ထိုးပေးပါတဲ့"

သုခရဲ့ဒေါသမီးကဗို့အားအရမ်းပြင်းနေပြီဖြစ်သည်။ဒီရက်ပိုင်းကိုခန့်အလုပ်ကပြန်တာအမြဲနောက်ကျသည်။သုခကိုလည်းအချိန်မပေးနိုင်ခဲ့ပါ။

"မမသီတာ အဲ့မိန်းကလေးကဘယ်သူလဲ"

သုသုမနေနိုင်တဲ့အဆုံးတော့မေးလိုက်သည်။

"သူလား သူကမယ်မဒီတဲ့ တရုတ်ကုမ္ပဏီကပါ ၊ ‌ဘော့စ်ကအမြဲသူတို့ဆီကနေတစ်ဆင့်မီးစက်တင်သွင်းတာလေ"

ကိုကိုပြောနေတဲ့ကုမ္ပဏီကသူ့ကုမ္ပဏီလား။

"သုခ မမပြောမယ်နော် အဲ့မိန်းကလေးကိုသတိထားနော် ၊ သူကဘော့စ်ကိုအတင်းလိုက်ကပ်နေသလိုပဲ ၊ မမတော့သိပ်ကြည့်မရဘူး ၊ ပူးပေါင်းထားတဲ့ကုမ္ပဏီဖြစ်နေလို့သာသည်းခံနေရတာ"

"ဟုတ်ကဲ့ပါမမ ကျေးဇူးပဲနော်"

"ရတယ်မောင်လေး"

"ဒါဆိုကျွန်တော်ပြန်တော့မယ်နော် ၊ လိုအပ်တာရှိနေရင်ဖုန်းဆက်လိုက်နော်"

"အေးအေး ဟုတ်ပြီ"

သုခ မြတ်မင်းခန့်ကိုတောင်နှုတ်မဆက်တော့ဘဲအိမ်ကိုသာပြန်လာခဲ့တော့သည်။

"တော်ပြီ မပြောနဲ့တော့သုသု ကိုယ်ဒေါသထွက်လာပြီ"

မြတ်မင်းခန့်လေသံကမာသွားသည်။

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now