Unicode
"အား! နာတယ်ကိုကို ၊ မထိုးနဲ့ မထိုးနဲ့ မလုပ်တော့ဘူး
"ကလေး ငြိမ်ငြိမ်နေကွာ လှုပ်နေရင်ပိုနာလိမ့်မယ်"
"သူမခံရတိုင်းသူများကိုလုပ်တယ် ၊ ကိုကို့ကိုမုန်းတယ်"
သုခလေးကအားနည်းနေတယ်ဟုဆရာဝန်ကပြောလိုက်သည်ကြောင့်အကြောဆေးသွင်းပေးနေသည်ကိုအငြိမ်မနေဘဲရုန်းကန်နေသည်။ရုန်းကန်နေသည့်သုခကိုမြတ်မင်းခန့်ကချုပ်ထားပေးသည်။
"ဟူး အဆင်ပြေရဲ့လားဆရာ"
"ပြေပါတယ် ဇောချွေးလေးပြန်ရုံပါပဲ ၊ ထိုးပေးနေကျဆိုပေမဲ့ဒီကလေးနဲ့မှပဲလက်တုန်တော့တယ်ဗျာ ဟားဟား"
"ဆောရီးပါဆရာရယ် အားနာပါတယ်"
"ရပါတယ်ဗျာ ရပါတယ် ၊ ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါပဲ"
ဆရာဝန်ပြန်သွားမှမြတ်မင်းခန့်အခန်းထဲသို့ပြန်ဝင်လာသည်။ခုဏကဆေးထိုးစဥ်အော်ဟစ်နေသည့်သုခကိုရှာလို့မတွေ့တော့ဘဲမုန့်တွေထိုင်စားပြီးပြုံးဖြီးနေသည့်သုခကိုသာတွေ့ရသည်။
"ကလေး နာနေသေးလား"
သုခဘေးမှာဝင်ထိုင်လိုက်ပြီး နဖူးပေါ်တွင်ဝဲနေသောဆံပင်လေးတွေကိုသပ်ကာမေးလိုက်သည်။
"ဟင့်အင်း မနာတော့ဘူး ၊ ထိုးတုန်းကတော့တော်တော်နာတယ်"
"ကိုယ်ပြောသားပဲ မလှုပ်ပါနဲ့လို့ လှုပ်တော့ပိုနာတာပေါ့"
"အင်း နောက်တစ်ခါထိုးရင်မလှုပ်တော့ဘူး ရော့ ကိုကိုစားဦးမလား"
"စားပါကလေးပဲစား ၊ ဒီနေ့ညနေကိုကိုဧည့်သည်နဲ့သွားတွေ့ရဦးမယ်လေ ၊ ကလေးအိမ်မှာနေခဲ့နော်"
"သားလည်းလိုက်ချင်တယ်"
"မလိုက်ပါနဲ့ ၊ ခဏလေးပဲကို အခုတောင်နေကောင်းသေးတာမဟုတ်ဘဲနဲ့ နော် ၊ လိမ္မာပါတယ်ကိုယ့်ယောကျာ်း လေးက"
"ပြီးရော မြန်မြန်ပြန်လာနော်"
"အင်းပါသုခရဲ့ ၊ ကိုယ်ရေချိုးလိုက်ဦးမယ် ၊ အဲကွန်းကိုလျော့ထားကလေး"
YOU ARE READING
အမွှေစိန်လေးရဲ့ကိုကို
Romance[Unicode]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြည်ခန့်ညားတဲ့သူဌေးလေး သူတို့နှစ်ယောက်ကြားမှာပေါ်ပေါက်လာတဲ့ဖြူစင်သောချစ်ခြင်းမေတ္တာဘယ်လိုအလွဲတွေနဲ့ဘယ်လိုဖြစ်ကြမလဲဆိုတာကတော့ ............. Date - 6.11.2018 [Zawgyi]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြ...