အပိုင်း -၂

49.5K 4.2K 50
                                    

Unicode

"အိုမားရေ အိုမား"

"ဟဲ့ ငါဒီမှာရှိတယ်ဟဲ့ ဘာလို့အော်နေတာလဲ။"

"ဟွန်း အိုမားနော် အိပ်နေတဲ့သူကိုလာနှိုးပြီးမုန့်တွေဝေခိုင်းတာလေ မုန့်ဖိုးလေးဘာလေးတော့ပေးသင့်တယ်။"

"နေစမ်းပါ။နင်ငါ့ကိုပန်အိုးသာပြန်ဝယ်ပေး နင်အိုးတွေခွဲပေါင်းများပြီ။ဒီတစ်ခါတော့နင်ပဲဝယ်ပေးတော့။"

"ရတယ် ရတယ် ဝယ်ပေးမှာ ဒီမုန့်တွေတစ်လမ်းလုံးဝေပြီးရင်သွားဝယ်ပေးမယ်။"

"အေးပြီးတာပဲရော့ဒီဟာကိုဦးမင်းဆွေတို့အိမ်နဲ့မမသစ်တို့အိမ်ကိုပို့လိုက်၊ရှက်ပြာရှက်ပြာလုပ်မလာနဲ့နော်။ငါလိုက်မရှင်းနိုင်ဘူး။"

သုခအမေဖြစ်သူကိုဘာမှပြန်မပြောဘဲဆူပုတ်ပြီးခြေဆောင့်ကာထွက်သွားပြန်သည်။အိမ်ရှေ့ရောက်မှ........

"ဟွန်း ခိုင်းလည်းခိုင်းတယ်။အော်လည်းအော်တယ်။အိုမား မီဝေါ့"

"ဟဲ့ ငါကြားတယ်နော်။"

သုခတစ်ယောက်တခစ်ခစ်နဲ့ရယ်ပြီး ပြေးထွက်သွားသည်။မဟုတ်ရင်သူ့အမေလက်နဲ့သူသေလိမ့်မယ်ဆိုတာသိနေသည်။

သုခပို့စရာအိမ်တွေအကုန်လိုက်ပို့ပြီးပန်းအိုးဝယ်ရန်လမ်းထိပ်သို့ထွက်လာခဲ့သည်။

ငါ့မှာ၅၀၀၀ပဲပါတာ....ပန်းအိုးက၃၀၀၀ပဲထာဦး...၂ထောင်ပဲကျန်မှာ....ညကငွေတွေအများကြီးရတယ်ဆိုတဲ့အိမ်မက်ကလည်းမက်ထားသေးတော့ငါထီကလည်းထိုးချင်တယ် တစ်စောင်၆၀၀ပဲထား ၅စောင်ဆို၃၀၀၀တစ်ထောင်ကလိုဦးမယ် ဗြဲ ငါငိုချင်လာပါပြီနော် အိုမား မီဝေါ့

တီ တီ တီ တီ......

အနောက်ကကားဟွန်းတီးသံကြောင့်သုခစိတ်ညစ်လာပြီး အော်ပစ်လိုက်တော့သည်။

"ဖယ်ပေးမယ် ဘာလို့အဲ့လောက်တောင်တီးနေတာလဲ။ဆူညံနေတာပဲ။"

သုခအသံပြဲနဲ့အော်ပြီးမှကားထဲကိုကြည့်လိုက်တော့မြတ်မင်းခန့်ကိုတွေ့လိုက်ရသည်။

"မင်းလမ်းမပေါ်တက်လျှောက်မနေနဲ့။စိတ်မရှည်တဲ့ကားသမားဆို မင်းကိုဖြတ်တိုက်သွားပြီ။"

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now