Unicode
"ရော့ ကိုကိုက ဒါဝတ်"
"ဟာ ကလေး ပုဆိုးကြီးလေ ၊ ကလေးကျတော့ဘောင်းဘီဝတ်ပြီးတော့"
"ဟုတ်တယ်လေ တမင်ဝတ်ခိုင်းတာ ဝတ်ဆိုဝတ်"
အင်္ကျီတွေဝယ်တဲ့နေ့တုန်းကကိုခန့်လိုက်မသွားမိတာအခုမှနောင်တရမိသည်။သို့သော်သုခထင်ထားသလိုပုံတုံးတုံးကြီးဖြစ်မသွားဘဲကိုခန့်နဲ့လိုက်ဖက်ပြီးသန့်ပြန့်နေသည်။ဒါကိုသုခလေးကမကျေနပ်ပါ။
"ဟာ ကိုကို အဲ့လိုဖြစ်လို့မရဘူးလေ ၊ ကောင်မလေးတွေငေးမှာစိုးလို့ တမင်ဒါဝတ်ခိုင်းတာကို"
"ကလေးရယ် ဖြစ်မှဖြစ်ရလေ ၊ လက်စသတ်တော့ အူတိုနေတာပဲ"
"မရဘူး မရဘူး ပြန်သွားလဲနောက်တစ်စုံ"
"ကဲပါကလေးရာ နောက်ကျနေပြီ သွားရအောင်လေနော် ရွှေရည်လည်းကိုယ်တို့ကိုမျှော်နေမှာပေါ့"
"ဟွန့် ခဏစောင့် သားပုဆိုးပဲဝတ်တော့မယ်"
နှုတ်ခမ်းလေးထော်ပြီးပုဆိုးပြန်လဲနေပြန်သည်။ဘယ်ကတည်းကဝယ်ထားလဲတော့မသိ။ပုဆိုးကဆင်တူလေး။ပုဆိုးဆင်တူရှိရဲ့သားနဲ့တမင်ကျွန်တော့ကိုပဲပုဆိုးဝတ်ခိုင်းတာ။တကယ့်လူလည်လေး။
"ဟယ် ကိုကြီး သုသု အန်တီ လာ လာ နောက်ကျလိုက်ကြတာ"
ရွှေရည်တစ်ယောက်ဂါဝန်ကြီးမပြီးခန်းမထဲကပြေးထွက်လာသည်။
"သမီးသူငယ်ချင်းပေါ့ ၊ ကိုခန့်ကိုရုပ်ဆိုးအောင်ပြင်ပေးနေတာမပြီးတော့ဘူး ၊ ငါသာကားမောင်းတတ်ရင်ရောက်လို့ စားပြီးလို့အစာတောင်ကြေနေလောက်ပြီ"
"ဟုတ်တယ် နောက်ကျသွားတယ်ညီမရယ် ဆောရီး"
"ရတယ် ရတယ် လာ လာထိုင်"
သုခထင်သည့်အတိုင်း ကောင်မလေးတွေက ကိုခန့်ကိုကြည့်ကြသည်။
"ကိုကို သားနားမှာပဲနေနော်"
"ဟုတ်ပါပြီဗျာ"
သုခအူတိုနေပြီဆိုတာမြတ်မင်းခန့်လည်းသိပါသည်။ရွှေရွှေကလည်းမျက်စောင်းထိုးနေပြီဖြစ်သည်။သတို့သားကတော့ပြုံးစိစိနဲ့ဖြစ်နေသည်။
![](https://img.wattpad.com/cover/166665917-288-k163406.jpg)
YOU ARE READING
အမွှေစိန်လေးရဲ့ကိုကို
Romance[Unicode]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြည်ခန့်ညားတဲ့သူဌေးလေး သူတို့နှစ်ယောက်ကြားမှာပေါ်ပေါက်လာတဲ့ဖြူစင်သောချစ်ခြင်းမေတ္တာဘယ်လိုအလွဲတွေနဲ့ဘယ်လိုဖြစ်ကြမလဲဆိုတာကတော့ ............. Date - 6.11.2018 [Zawgyi]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြ...