အပိုင်း - ၉

35.8K 2.5K 23
                                    

Unicode

မြတ်မင်းခန့်အိမ်ကထွက်မယ်လုပ်နေစဥ်လက်ထဲကဖုန်းကမြည်လာသည်။မြတ်မင်းခန့်ဖုန်းမျက်နှာပြင်ပေါ်ကနာမည်လေးကိုကြည့်လိုက်တော့သူ့ရဲ့အချစ်တော်လေးဖြစ်နေသောကြောင့်ပြုံးမိသွားသည်။

"ဟယ်လို သုသု"

"ကိုကို!!!! ဘာလုပ်နေတာလဲ ကျောင်းလိုက်ပို့ဖို့ပြောထားတယ်လေ ၊ မေ့နေတာလား သားနောက်ကျတော့မယ် ၊ မြန်မြန်လာ အိမ်ရှေ့မှာစောင့်နေမယ်"

"ကိုယ်တော်လေးရယ် ဖြေးဖြေးပြောပါ ကိုယ်အိပ်ရာထနောက်ကျသွားလို့ အခုလာပြီ စောင့်နေ"

သုခကဖုန်းအရင်ချသွားသည်။ဒီ့ထက်ကြာရင်သုခစိတ်ဆိုးတော့မည်ကိုမြတ်မင်းခန့်ကြိုသိနေသောကြောင့်မနက်စာတောင်မစားတော့ဘဲပိုက်ဆံအိတ်နဲ့ကားသော့ကိုသာဆွဲယူ၍ထွက်လာခဲ့သည်။အခုတောင်အသံကဒေါသနည်းနည်းပါနေတယ်လေ။သုခရှေ့ကိုကားရောက်လာသည်။ကားပေါ်သို့ဆောင့်အောင့်ကာတက်လာသည်။

"ဝုန်း"

"ဟာ သုသု ဖြေးဖြေးပိတ်ပါ"

"ဘာလဲ ငြိုငြင်တာလား တော်ပြီ သွားတော့မယ်"

ကားတံခါးပြန်ဖွင့်ပြီးဆင်းမယ်တကဲကဲလုပ်နေတဲ့သုခကိုအမြန်လှမ်းဆွဲလိုက်ရသည်။

"အဲ အဲ နေပါဦး မဆင်းပါနဲ့ ကိုယ်ကစတာ ၊ ဘာတွေစိတ်တိုလာတာလဲ ပြောပါဦး"

"အိုမားပေါ့ သားက ကူညီချင်လို့ ပန်းကန်တွေဝိုင်းဆေးပေးတာ မတော်တဆပန်းကန်ကျကွဲသွားတယ် အဲ့တာကိုဆူနေလို့ အဲ့တာကြောင့်ဒေါသထွက်လာတာ"

"ဘယ်နှစ်ချပ်ကျကွဲလို့လဲ"

"၅ချပ်တည်း"

သောက်ကျိုးနည်း၅ချပ်တည်းတဲ့။အန်တီဒေါသထွက်လည်းထွက်ချင်စရာပါပဲ။တကယ့်အမွှေစိန်လေး။

"သုသုရယ် အဲ့ပန်းကန်တွေကအန်တီကပိုက်ဆံပေးဝယ်ထားရတာလေ အဲ့တော့နှမြောလို့ဖြစ်မှာပေါ့"

"ဘာပဲဖြစ်ဖြစ်လေ အိုမားမှာအပေါဆုံးကပိုက်ဆံပဲကို ပြန်ဝယ်လိုက်ပေါ့ အဲ့တာကိုသားပဲလာဆူနေတာပဲ"

"ဟုတ်ပါပြီဗျာ စိတ်လျော့ ဟုတ်ပြီလား ၊ ကျောင်းနောက်ကျတော့မယ် သွားကြမယ်"

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now