အပိုင်း - ၆

36.9K 2.9K 9
                                    

Unicode

"ခွမ်း!!!!"

တစ်ခုခုကျကွဲသံကြားလို့မြတ်မင်းခန့်အပေါ်ထပ်သို့အပြေးအလွှားတက်သွားသည်။ဘုရားခန်းရှေ့မှာငုတ်တုပ်ကလေးထိုင်ပြီးလှမ်းဖြီးပြနေတဲ့သုခမြင့်မြတ်ကိုတွေ့လိုက်ရသည်။ထင်တဲ့အတိုင်းပဲ ဘုရားပန်းအိုးကျကွဲသွားပြီလေ။

"သုသု!"

"ဟီးဟီး ကိုကို"

"သုသုကိုမလုပ်နဲ့လို့ကိုယ်မပြောဘူးလားအခုတော့ပန်းအိုးကွဲပြီ"

"သားကကူညီပေးတာပါ တမင်လုပ်တာမဟုတ်ပါဘူးကိုကိုသားမှာ ပိုက်ဆံမရှိဘူး"

သူ့ကိုပန်းအိုးပြန်လျော်ခိုင်းမှာစိုးပြီးမျက်နှာငယ်လေးနဲ့ပြောနေတဲ့သုခကြောင့်မြတ်မင်းခန့်မရယ်ဘဲမနေနိုင်တော့ပေ။

"ဟားဟား သုသုရယ် မလျော်ခိုင်းပါဘူး စိတ်ချ သွား အခန်းထဲမှာသာသွားနေတော့ ကိုကိုပဲလုပ်လိုက်တော့မယ်"

"ဟီးဟီး အဲ့တာဆိုသွာမယ်နော်"

အချိန်ကာလတွေအလီလီပြောင်းလဲသွားခဲ့တာသုခပင်တက္ကသိုလ်ကျောင်းသားအရွယ်သို့ရောက်လာပြီဖြစ်သည်။မြတ်မင်းခန့်သုခကိုချစ်သော်လည်းတစ်ကြိမ်တစ်ခါမှခံစားချက်ကိုဖွင့်မပြောခဲ့ပါ။ထိုကလေးစိတ်ထိခိုက်သွားမည်ကိုသူကြောက်နေမိသည်။ပတ်ဝန်းကျင်ကထိုကလေးကိုကဲ့ရဲ့ပြစ်တင်ပြောဆိုမှာကိုသူမလိုလား။အကြောင်းကြောင်းကြောင့်ထိုကလေးဘေးနားတွင်တိတ်ဆိတ်ငြိမ်သက်စွာနေခဲ့သည်။

ယခုဆိုလျှင် သုခမြင့်မြတ် တက္ကသိုလ် ဒုတိယနှစ်ရောက်ခဲ့ပြီ။မြတ်မင်းခန့်နဲ့သုခမြင့်မြတ်တို့ရဲ့သံယောဇဉ်ကြိုးကလေးလည်းခိုင်မြဲသည်ထက်ခိုင်မြဲလာသည်။

သို့သော်သုခကရည်းစားထားသည်။ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်တွဲသည်။အရင်ကလိုတော့သိပ်မမွှေတော့ပါ။အနည်းငယ်တည်ငြိမ်လာသည်။ထူခြားသွားတာသုခအရပ်ရှည်လာသည်။ပိန်ပိန်ပါးပါးနဲ့မိန်းကလေးများအသည်းစွဲဖြစ်လာသည်။

"ဟဲ့ မိသု နင်ကပြန်တော့မလို့လား"

ကားမှတ်တိုင်တွင် စာအုပ်ကလေးတွေပိုက်ကာ ရပ်နေသောသုခကိုရွှေရည်လင်းကလှမ်းမေးလိုက်သည်။

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now