ဇာတ်သိမ်းပိုင်း

30.6K 1.6K 38
                                    

Unicode

"ကလေး ကိုယ့်ဖုန်းတွေ့မိသေးလား"

"ဖုန်း သိဝူးလေ ခေါ်ကြည့်လိုက်ပါလား သားဖုန်းကစားပွဲပေါ်မှာ သားရေချိုးလိုက်ဦးမယ် ၊ အိုမားကအောက်မှာ စောင့်နေတယ်"

"အင်းအင်း"

မြတ်မင်းခန့် သုခဖုန်းကိုယူပြီးခေါ်ကြည့်လိုက်သည်။

"သားခန့်ရေ ဖုန်းလာနေတယ်"

ဘယ်အချိန်ဘယ်အခါကတည်းကအောက်မှာကျန်ခဲ့လဲမသိ။

"ဟုတ် လာပြီ အမေ"

ဖုန်းချကာအောက်ထပ်သို့ပြေးဆင်းသွားသည်။အောက်ထပ်ကဖုန်းကိုယူပြီးသီဟဆီဖုန်းဆက်ရပြန်သည်။

"ဟယ်လို ဘော့စ် ရောက်ပြီလား"

"အေး မရောက်သေးဘူး ရန်ကုန်မှာပဲရှိသေးတယ်"

"ဗျာ!!!ရန်ကုန် ဘောစ့် !!!!!"

သီဟဖုန်းထဲကအော်လိုက်သောကြောင့်မြတ်မင်းခန့်ဖုန်းနဲ့နားနဲ့ခွာလိုက်ရသည်။

"ဆောရီးပါသီဟရယ် ငါလည်းအိပ်ပျော်သွားလို့ပါ"

"ဆောတာတွေနောက်ကျတာတွေမသိဘူး ၊ ကျွန်တော်တို့ကရောက်နေပြီ ၊ ပြောတော့စောစောတဲ့ ဘာစောတာလဲ"

အလုပ်ရှင်ကိုပြန်အော်ရဲ့သတ္တိကသီဟဆီမှာအပြည့်ရှိသည်။

"အေးပါကွာ အခုထွက်လာပြီ ၊ ၆နာရီပဲစောင့်"

"အခုတော့စောင့်ရတော့မှာပေါ့ ကမ်းနားလမ်းရောက်ရင်ဖုန်းဆက်"

"ဟုတ်ကဲ့ပါဗျာ ဆက်လိုက်ပါ့မယ်"

အလုပ်ရှင်ကပြန်ကြောက်နေရသည်။

"ကလေးရေ"

"ဗျာ!!!"

"မြန်မြန်လုပ် ကိုယ်တော့ပျားတုပ်ခံလိုက်ရပြီ"

"အမ်! ဟုတ်ဟုတ်"

နေ့လည်စာထမင်းစားပြီးချက်ချင်းထွက်ခဲ့ကြသည်။မော်လမြိုင်တွင်Marketingဆင်းရန်သီဟနဲ့သီတာကိုချိန်းထားပြီးသူတို့ကနောက်ကျနေသည်။

"ကိုကိုမကျော်နဲ့ဦး ကားလာတယ်"

"အင်း"

"ကိုကို"

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now