အပိုင်း - ၁၉(Part 1)

23.9K 1.5K 13
                                    

Unicode

"ကိုကို ယားတယ် မလုပ်နဲ့ ဟားဟား ယားပါတယ်ဆို"

ကုတင်ပေါ်တွင် သုခတစ်ယောက် တီကောင်ကိုဆားနဲ့တို့လိုက်သကဲ့သို့တွန့်လိမ်နေသည်။

"ငြိမ်ငြိမ်နေ ငြိမ်ငြိမ်မနေရင် ထပ်လုပ်မှာ"

အလုပ်လုပ်နေတာကိုဘေးနားကနေအငြိမ်မနေဘဲဟိုနားလိုက်တို့လိုက်ယားလားလို့မေးလိုက်နဲ့လိုက်စနေတဲ့သုခကို ကလိယားထိုးပေးလိုက်သည်။

"မနက်ကဆေးသောက်ရဲ့လား သုသု နာနေသေးလား"

"သောက်တယ် မနာတော့ဘူး"

"တော်သေးတာပေါ့ ကိုယ်ကစိုးရိမ်နေတာ"

"တော်ပါ"

"ကိုယ့်ယောကျာ်းလေးက စိတ်ဆိုးသွားပြီလား ၊ စိတ်မဆိုးပါနဲ့ လာ ကမ်းခြေမှာလမ်းသွားလျှောက်ရအောင်"

သိပ်မသွားချင်ရှာတဲ့သုသုလေးပါ။ခေါင်းကိုအဆက်မပြတ်ညိမ့်တော့သည်။ကမ်းခြေ၌တစ်ယောက်လက်တစ်ယောက်တွဲထားလျက် .....

"ကိုကို သားအလုပ်လုပ်ရင်လေ ဘယ်မှာလုပ်ရင်ကောင်းမလဲ"

"ကလေးကဘာလုပ်ချင်တာလဲ"

"သားကလေ ကိုကို့ဆီမှာအလုပ်ဝင်ချင်တာ"

"ဟင်! ကိုယ့်ဆီမှာ....ဟာ အဲ့တာတော့မဖြစ်ဘူးကလေး ၊ ကိုယ်အလုပ်လုပ်နိုင်တော့မှာမဟုတ်ဘူး"

"ဘာလို့လဲ"

"ကိုယ်ကလေးကိုပဲထိုင်ကြည့်မိနေမှာ အလုပ်လုပ်ဖြစ်မှာမဟုတ်ဘူး"

"ပိုပြန်ပြီ ၊ ထပ်ပိုရင်ကွာရှင်းမယ်"

"အယ်! ကလေးရယ် မနေ့ကမှလက်ထပ်တာလေ"

"ဪ ကြာရင်တော့ကွာရှင်းမယ်ဆိုတဲ့သဘောပေါ့လေ ၊ ရတယ် ရှင်းမယ် အခုလောလောဆယ်ဒီည အခန်းထဲဝင်မလာနဲ့ ၊ ကျန်တဲ့နေရာအိပ်ချင်တဲ့နေရာမှာအိပ် ဒါပဲ သွားပြီ"

တွဲထားတဲ့လက်ကိုဖြုတ်ပြီးခြေဆောင့်ကာ အခန်းဆီပြန်တော့သည်။မဟုတ်ဘူး။သွားပြီ။ကလေးစိတ်ဆိုးသွားပြီ။ကိုယ်ပြောချင်တာအဲ့လိုမဟုတ်ဘူးကလေးရဲ့။

"ကလေး သုသု နေဦးလေ ကိုယ်ရှင်းပြတာနားထောင်ပါဦး"

မြတ်မင်းခန့်အနောက်ကနေအသည်းအသန်ပြေးလိုက်ရတော့သည်။သို့ပေမဲ့အခန်းတံခါးကတော့ပိတ်သွားပြီဖြစ်သည်။မြတ်မင်းခန့်တံခါးခေါက်ရင်း .......

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now