Unicode
"အ့ာ နာတယ် ကိုကိုရဲ့"
"အင်းပါ အင်းပါ ဖြေးဖြေးလုပ်မယ်နော်"
"သူမခံရတိုင်း အတင်းလုပ်နေတယ်"
"ငြိမ်ငြိမ်နေလေကွာ ဒီမှာထည့်လို့မရတော့ဘူး"
"ဖြေးဖြေးထည့်နော်"
ကားထဲတွင်သုခနှုတ်ခမ်းကအနာလေးကိုဆေးထည့်ပေးနေသည်။သုခကနာလို့အသေအော်သည်။သုခလေးကပွစိပွစိလုပ်နေတော့မြတ်မင်းခန့်ဆေးထည့်ပေးရတာအဆင်မပြေ။
"ကဲ ပြီးပြီ နာနေသေးလား"
"မနာတော့ဘူး သားရန်ဖြစ်တာအိုမားသိလား"
"မသိဘူး ကလေးကမပြောနဲ့ဆိုလို့ကိုယ်မပြောဘူး"
"တော်ပါသေးရဲ့ မပြောနဲ့နော်လုံးဝ"
"သခင်လေးရဲ့အမိန့်တော်အတိုင်းပါဗျာ"
"ရပြီအဲ့တာဆို ပြန်မယ် မောင်းတော့"
နေကာမျက်မှန်ကြီးတပ်ပြီးသုသုတစ်ယောက်စတိုင်လ်ထုတ်နေသည်။လမ်းတစ်ဝက်လောက်ရောက်မှ.........
"ဟာ သေစမ်း ဓာတ်ပုံမရိုက်ခဲ့ရဘူး"
"ရိုက်ချင်လား ကိုယ်ပြန်လှည့်ပေးမယ်"
"တော်ပြီလေ လမ်းတစ်ဝက်တောင်ရောက်နေပြီ ၊ အိမ်ပဲပြန်မယ် ၊ ဪ ပြောဦးမယ် အခုသားအိမ်ပြန်လာတာလည်းအိုမားမသိစေနဲ့နော်"
"အိမ်ပြန်မယ်ဆို ဘယ်လိုအမေကမသိရမှာလဲ"
"အခုအိမ်ပြန်မယ်ဆိုတာ ကိုကို့တိုက်ခန်းကိုပြောတာ ၊ကိုကိုဝယ်ထားတဲ့တိုက်ခန်းရှိသေးတယ်မလား"
"အင်း ရှိတယ် အဲ့ကိုသွားမှာလား"
"အင်း အဲ့ကိုသွားမှာ"
"သခင်လေးရဲ့အမိန့်အတိုင်းပါဗျာ"
"အေးကွယ့် အဲ့လိုမှပေါ့ မောင်မင်းလိမ္မာတယ်"
မြတ်မင်းခန့်ကတိုက်ခန်းသို့မမောင်းဘဲပြည်လမ်းတစ်လျှောက်မောင်းလာခဲ့သည်။သုခကတော့ဘာမှမသိဘဲအိပ်ပျော်နေသည်။အိပ်ပျော်နေသည့်ကလေးငယ်သုခကိုမနှိုးရက်၍ပွေ့ချီကာအိပ်ရာပေါ်တွင်အသာအယာချပေးလိုက်သည်။နဖူးလေးကိုအသာအယာအနမ်းခြွေရင်း.......
![](https://img.wattpad.com/cover/166665917-288-k163406.jpg)
YOU ARE READING
အမွှေစိန်လေးရဲ့ကိုကို
Romance[Unicode]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြည်ခန့်ညားတဲ့သူဌေးလေး သူတို့နှစ်ယောက်ကြားမှာပေါ်ပေါက်လာတဲ့ဖြူစင်သောချစ်ခြင်းမေတ္တာဘယ်လိုအလွဲတွေနဲ့ဘယ်လိုဖြစ်ကြမလဲဆိုတာကတော့ ............. Date - 6.11.2018 [Zawgyi]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြ...