အပိုင်း - ၁၀

36.7K 2.8K 12
                                    

Unicode

သုခလေးကစာအုပ်ကလေးကိုင်ပြီးမြတ်မင်းခန့်ကိုမော့ကြည့်နေသည်။မြတ်မင်းခန့်ကပြုံးပြပြီးခေါင်းလုံးလုံးလေးကိုနမ်းလိုက်သည်။မေက‌တော့ရင်ထဲမှာနာကျင်ခံစားရပေမဲ့သူမကိုမချစ်တဲ့သူတစ်ယောက်ကိုအတင်းလုယူလောက်ဖို့အထိတော့သူမမယုတ်မာသေးပါဘူး။မျက်ရည်များစွာဖြင့်သာသူမစိတ်ကိုပိုင်းဖြတ်ပစ်လိုက်ရသည်။

"ကိုကို သားအိပ်ချင်ပြီ"

နာရီကြည့်လိုက်တော့၁၀နာရီထိုးနေပြီဖြစ်သည်။ကလေးငယ်ကသမ်းထားလို့မျက်ရည်တွေတောင်ဝဲတက်နေပြီ။

"ဒီတစ်ကြောင်းလေးတော့ကျက်လိုက်ပါဦးကလေးရယ်"

"ဟွန့် ဒီတစ်ကြောင်းပဲနော်"

"ဟုတ်တယ် ဒီတစ်ကြောင်းပဲ"

သုခအိပ်ချစ်မူးတူးနဲ့စာတစ်ကြောင်စကိုဆိုနေတာတောင်ရောက်လိုက်မြောက်ရောက်လိုက်နဲ့ဖြစ်နေသည်။နောက်ဆုံးတော့စားပွဲနဲ့နဖူးနဲ့မိတ်ဆက်တော့သည်။မြတ်မင်းခန့်ကအသာလေးပွေ့ချီပြီးအိပ်ရာထဲပို့လိုက်သည်။

"ကိုယ့်ကလေးလေး ဂွတ်နိုက်"

နဖူးလေးကိုအသာအယာနမ်းပြီးအောက်ထပ်သို့ဆင်းလာခဲ့သည်။

"သားခန့် ပြန်တော့မှာလား"

"ဟုတ်အမေ ပြန်တော့မယ်"

"အေးအေး သုသုအိပ်သွားပြီလား"

"အိပ်တာမှ သိုးနေတာပဲအမေရေ"

"ဟုတ်ပြီ သားခန့်လည်းနားတော့လေ မနက်အလုပ်သွားရဦးမယ်မလား"

"ပြန်ပြီနော်အမေ"

"အေးအေး"

သူမလည်းမြတ်မင်းခန့်အိမ်ထဲဝင်သွားသည်အထိကြည့်ပြီးမှအိမ်တံခါးကိုပိတ်လိုက်သည်။

"အား!!!!မရတော့ဘူး မရတော့ဘူး မုန့်စားဦးမှ"

သုခတစ်ယောက်ဘေးနားကမုန့်ထုပ်ကိုဖောက်စားလိုက်သည်။တောက်!!စာကလည်းကျက်ရမယ်။ဟိုတစ်နေ့ကငရွှေမဆီကယူလာတဲ့Running manလေးလည်းကြည့်ချင်သေးတယ်။ကြည့်ရင်လည်းအိုမားကတုတ်နဲ့လိုက်ရိုက်မှာ ကိုကိုကလည်းအလုပ်သွားတယ်။ဟူးးးးပျင်းလိုက်တာနော်။

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now