အပိုင်း - ၇

37.6K 2.9K 153
                                    

Unicode

"မောင် မ ဒီမှာ"

ဆွေဇင်သော်တစ်ယောက် သုခကို လက်လှမ်းပြရင်းပြုံးပြလိုက်သည်။

"မ ဆောရီး မောင်နောက်ကျသွားတယ် ကားတွေကပိတ်နေလို့"

"ရပါတယ်မောင်ရယ် ဒီနေ့ မောင်ဘာလို့အစောကြီးပြန်သွားတာလဲ"

"ဪ ဒီနေ့ မောင်နည်းနည်းပျင်းနေလို့ပါ ၊ မရော အတန်းတွေပြီးသွားပြီလား"

"ပြီးပြီ ဒီနေ့ ဘာနေ့လဲမောင်သိလား"

"ဒီနေ့လား ဗုဒ္ဓဟူးနေ့လေ"

ဆွေဇင်တစ်ချက်ပြုံးလိုက်သည်။သုခရဲ့မျက်လုံးကိုတည့်တည့်စိုက်ကြည့်ပြီးမေးခွန်းတစ်ခုမေးလိုက်သည်။

"မောင် မကိုချစ်ရောချစ်ရဲ့လား"

"ဗျာ ဘယ်လိုမေးလိုက်တာလဲမရယ် ချစ်တာပေါ့"

"ဟုတ်ရဲ့လားမောင်ရယ် မောင့်နှလုံးသားက တခြားတစ်ယောက်ဆီမှာမဟုတ်ဘူးလား"

"မ ဘာတွေပြောနေတာလဲ စကားနာမထိုးနဲ့ဗျာ"

"မထိုးပါဘူး ဒီနေ့ကမောင်နဲ့မနဲ့တွဲတာငါးလပြည့်တဲ့နေ့လေ"

သုခမျက်နှာတစ်ချက်ပျက်သွားသည်။ဆွေဇင်သော့်လက်ကိုသုခဆုပ်ကိုင်လိုက်ပြီး.......

"ဆောရီးမရယ် မောင် နည်းနည်းစိတ်ရှုပ်နေတာနဲ့မေ့သွားတယ်"

"ရပါတယ်မောင် မကမောင့်ကိုပြောစရာရှိလို့ချိန်းလိုက်တာပါ"

"ပြောလေမ ဘာပြောမလို့လဲ"

"မတို့လမ်းခွဲရအောင်"

"ဗျာ!!!မ ......"

"ဟုတ်တယ်မောင် မောင်နဲ့တွဲလာတဲ့တစ်လျှောက် မ သိလာတယ်မောင့်နှလုံးသားက ကိုမြတ်မင်းခန့်ဆီမှာမလား"

"မဟုတ်ဘူးမ မှားနေပြီ မောင်က ......"

"မငြင်းဆန်ပါနဲ့မောင်ရယ် ၊ မောင့်စိတ်ကဘယ်မှာဆိုတာမောင်နဲ့သိတဲ့လူတိုင်းအကုန်သိတယ် ၊ မောင်ကသာမောင့်စိတ် ကိုငြင်းဆန်နေတာ"

သုခ ဆွေဇင်သော်၏စကားကိုခွန်းတုံ့မပြန်နိုင်ခဲ့ပါ။

"ဘာမှမပြောနဲ့တော့မောင် မောင်ရွေးချယ်ပါ တစ်သက်လုံးပျော်ရွှင်ရမယ့်လမ်းကို သေချာရွေးချယ်ပါ ၊ မမှားစေနဲ့နော် ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ ချစ်ရတဲ့သူဘေးမှာရှိရင်အလိုလိုပြေပျောက်သွားမှာ ကျော်လွှားနိုင်မှာပါ ကံကောင်းပါစေမောင် မသွားတော့မယ်"

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now