Extra - 9(Christmas Special)

17K 1.1K 102
                                    

Unicode

"ဒီနားလေးမှာချပေးပါနော်"

သုသုတစ်ယောက် ခရစ္စမတ်သစ်ပင်ကိုဘယ်အချိန်ကသွားဝယ်လိုက်မှန်းမြတ်မင်းခန့်မသိလိုက်ပါ။

"သုသု အဲ့တာဘာကြီးလဲ"

"သစ်ပင်လေ သစ်ပင် This is Chriatmas tree"

"ဪ သစ်ပင်တော့ကိုယ်လည်းသိတာပေါ့ ၊ ဘာလုပ်ဖို့လဲလို့"

"ဒီအပင်ကအရွက်တွေနဲ့ဟင်းချက်မလို့"

"မနောက်နဲ့လေကလေးရယ်"

"မနောက်ဘူးအတည်ပြောနေတာ တကယ်ချက်ကျွေးမှာ ၊ အခုလည်းကိုကိုဗိုက်ဆာရင်ခူးသာစားလိုက်တော့"

"ပေါက်ပေါက်ရှာရှာကလေးရယ်"

"သားကြိုက်လို့ဝယ်လာတာ ဘာဖြစ်ချင်လဲ ၊ ဘာလဲ ကွာမလို့လား ရတယ် ချက်ချင်းလက်မှတ်ထိုးပေးလိုက်မယ် ၊ လှေကားသုံးထစ်ပြန်ဆင်းရင်လူပျိုပြန်ဖြစ်တယ်"

မြတ်မင်းခန့် သူ့အ‌ရှေ့မှာမတ်တပ်ရပ်ခါးထောက်ပြီးပြောနေသည့်သုခကိုသူ့ပေါင်ပေါ်ဆွဲချလိုက်ပြီး ခါးလေးကိုဖက်ထားလိုက်သည်။

"ဟုတ်လို့လား ကိုယ့်ကလေးကလူပျိုဟုတ်သေးလို့လား ၊ ပြောပါဦး ဖြစ်ပါတော့မလား"

"ဖြစ်တယ် ဖြစ်တယ် ဟွန်း"

"ကောက်စိန်လေး မီးတွေဆင်မှာမလား ၊ ဘယ်မှာလဲ ကိုယ်ဆင်ပေးမယ်"

"ဟီး အဲ့လိုမှပေါ့ တူတူဆင်မယ်"

သစ်ပင်ကိုလူနဲ့လိုက်အောင်သေးသေးပုပုကလေးဝယ်လာသည်။

"ကလေး တစ်လအသုံးစရိတ်ကဘာတွေသုံးတယ် ၊ ဘာတွေကဘယ်လောက်ကုန်တယ်ဆိုတဲ့စာရင်းပြ"

"ဟင် အခုလား အခုပြရမှာလား"

"ဟုတ်တယ် အခုပြ"

"အင်းအင်း ခဏစောင့်"

အပေါ်ထပ်သို့ပြေးတက်သွားပြီးစာရွက်ကလေးတစ်ရွက်ကိုင်ကာပြန်ဆင်းလာသည်။

"ရော့"

သုခကမ်းပေးလာတဲ့စာရွက်လေးကိုကြည့်လိုက်ပြီးမြတ်မင်းခန့်တဟားဟားအော်ရယ်မိပါတော့သည်။

ကိုကိုပေးငွေ - $$$$$

သုခသုံးငွေ - $$$$$

"သုခ ဒါပဲလား"

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now