Extra - 5(New)

17.5K 1.1K 37
                                    

Unicode

"ဟာ ရွှေရွှေ မတွေ့ရတာတောင်ကြာပြီ ၊ ဘယ်ကနေဘယ်လိုမျက်စိလည်လမ်းမှားပြီးရောက်လာတာလဲ"

သုခဆီမလာတာကြာနေပြီဖြစ်သည့်ရွှေရည်လင်းအိမ်သို့ဆိုင်းမဆင့်ဘုံမဆင့်ရာက်လာသောကြောင့် သုခကရွဲ့ပြောနေသည်။

"နင့်ဆီလာတာပေါ့ ဟင်းဟင်း ပြီးတော့ ငါ့မင်္ဂလာဆောင်ဖိတ်စာလေးလာပေးတာ"

"ဟယ်! နင်လင်ယူတော့မယ်ပေါ့"

"သေနာလေးရယ် ရိုးရိုးလေးပြောလို့မရဘူးလား"

"မရပါဘူး ဆန်းဆန်းပဲပြောမှာ"

"ဘယ်သူလဲ ၊ ဟိုအစ်ကိုပဲမလား"

"အင်း ဟုတ်တယ် ၊ အဲ့တာနင်တို့ကိုလာဖိတ်တာ"

ရွှေရည်လင်းပြောမှအရှေ့ကဖတ်စာကိုဆွဲယူကြည့်လိုက်သည်။ဖိတ်စာကိုအရှေ့အနောက်သေချာလှန်ကြည့်ပြီး.......

"ရွှေရွှေ ဘာလို့လက်ဖွဲ့ခြင်းသည်းခံပါဆိုတဲ့စာမပါတာလဲဟင် ၊ ဖိတ်စာရိုက်တုန်းကကျန်ခဲ့တာလား"

"မသာလေး နင်ဟာလေ ကပ်စေးနည်းကော်တရာအကောင်"

"ဟားဟား စတာပါ ၊ လာခဲ့ရမှာပေါ့ နှစ်တစ်ထောင်အက်ဖေကြီးရဲ့ကျွတ်တမ်းပွဲဆိုတော့"

"အေးအေး ပြောနေလိုက် ၊ ထားပါလေ စိတ်ပျော်နေလို့ ခွင့်လွှတ်ပေးလိုက်မယ် ၊ ဒါနဲ့နင့်ကိုကိုရော"

"ကိုကိုလား ၊ dinnerရှိလို့သွားတယ်"

"နင်လိုက်မသွားဘူးလား"

"မလိုက်ပါဘူး ရှုပ်တယ် ၊ ငါ့ဘာသာငါအိမ်မှာမုန့်လေးစားလိုက်ဇာတ်လမ်းလေးကြည့်လိုက်နဲ့အေးဆေးပဲ နေတယ်"

"ဟယ် နင်အဲ့လိုပွဲတွေတစ်ခါမှမလိုက်ဖူးလို့တော့မပြောနဲ့နော်"

"ဟုတ်တယ် ငါတစ်ခါမှမလိုက်ဘူး ၊ လူတွေအများကြီးနဲ့မနေတတ်ပါဘူး"

"ကိုကြီးအနားကိုကောင်မလေးတွေဝဲနေမှာနော် ၊ ဘေးနားမှာအသေကပ်နေကြမှာဟဲ့ငတုံးရဲ့"

"လက်ထပ်လက်စွပ်ကြီးမှပြူးနေတာကိုဘယ်သူကကပ်မှာလဲဟာ"

"ဟယ် လျှော့တွက်လိုက်တာ ၊ အခုခေတ်ကအရမ်းကြောက်ဖို့ကောင်းတယ်နော်"

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now