Unicode
နံနက်ခင်း၏နေရောင်ခြည်သည်ပြတင်းပေါက်မှဖြတ်၍သုခ၏မျက်နှာပေါ်သို့ကျရောက်လာသည်။အိပ်တာမှသိုးနေတာပဲ။ဆင်အော်တောင်နိုးမည်မထင်။မျက်နှာဖွေးဖွေးလေးကို နေကထိုးနေတော့ပါးလေးတွေကအနီရောင်သန်းလာသည်။မြတ်မင်းခန့် သုခမျက်နှာပေါ်ကျရောက်နေသောနေရောင်ခြည်ကိုလက်ဖြင့်ကာပေးလိုက်သည်။လက်နဲ့ကာလိုက်မှပဲအင်းအဲနဲ့နိုးလာတော့သည်။
"ဘယ်နှစ်နာရီရှိပြီလဲကိုကို"
"၇နာရီ"
မြတ်မင်းခန့်ရေချိုးခန်းအနားသို့ထသွားသည်။
"ဘုရားရေ အဲ့လောက်တောင်ရှိပြီလား ၊ ဒီနေ့Tutorialရှိတယ် သေတာပဲ စောစောလေးမနှိုးဘူး ဖယ် သားအရင်ချိုးမယ်"
မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်တော့မည့်မြတ်မင်းခန့်ကိုတွန်းပြီးသူကအသည်းအသန်ဝင်သွားသည်။ခဏနေတော့ တံခါးပြန်ပွင့်လာသည်။ကိုကိုရေ ပုဆိုးလေးယူလာပေးပါဦးတဲ့။တကယ်တတ်လည်းတတ်နိုင်တဲ့ကလေး။
"အိုမားရေ သားမစားတော့ဘူး ကျောင်းရောက်မှပဲစားလိုက်တော့မယ် နောက်ကျနေပြီ ၊ သွားတော့မယ်နော်"
လွယ်အိတ်လွယ်ပြီးလက်ထဲမှာလည်းစာအုပ်တွေနဲ့လှေကားကနေဆင်းလာရင်း အမေဖြစ်သူကိုလှမ်းပြောပြီးပြေးသွားတော့သည်။
"ဟဲ့ ဟဲ့ ဪ ဒီကလေးနဲ့တော့နော်"
အမေလှမ်းအော်လည်းမကြားနိုင်တော့ပါ။
"အန်တီ သား...."
"ဟဲ့ နင်ကရော ဘယ်တုန်းကရောက်နေတာလဲ"
"ညကတည်းကအန်တီ ဟီးဟီး"
"အမယ် အမယ် သွက်လှချည်လား"
"ဟာ အန်တီ့စကားကြီးကလည်း"
"ဟဲ့ ငါကရိုးရိုးသားသားပြောတာ နင့်ဘာသာနင်ဖြစ်ချင်တာတွေလျှောက်တွေးမနေနဲ့"
အန်တီကစနေတော့မြတ်မင်းခန့်မျက်နှာကြီးရဲတက်လာသည်။
"ဟာ အန်တီရာ တော်ပြီ သားသွားတော့မယ်"
"ဟားဟား ဒီကလေးတွေနဲ့တော့အေ အရှက်ကြီးလိုက်ကြတာ ငါကရှက်ကြောပြတ်နေတာကျနေတာပဲ"
YOU ARE READING
အမွှေစိန်လေးရဲ့ကိုကို
Romance[Unicode]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြည်ခန့်ညားတဲ့သူဌေးလေး သူတို့နှစ်ယောက်ကြားမှာပေါ်ပေါက်လာတဲ့ဖြူစင်သောချစ်ခြင်းမေတ္တာဘယ်လိုအလွဲတွေနဲ့ဘယ်လိုဖြစ်ကြမလဲဆိုတာကတော့ ............. Date - 6.11.2018 [Zawgyi]အရမ်းကိုမွှေလွန်းတဲ့အမွှေစိန်လေးနဲ့တည်ကြ...