Extra - 4

19.3K 1.2K 22
                                    

Unicode

"ကိုကိုရေ မပြီးသေးဘူးလား ၊ မြန်မြန်လာမေမေစောင့်နေတယ် ၊ အရမ်းပြင်မနေနဲ့ သားလောက်တောင် မချောဘဲနဲ့"

"လာပြီ လာပြီ"

အိမ်ရှေ့ကနေအသံပြဲနဲ့လှမ်းအော်နေတဲ့သုသုကြောင့်ကိုခန့်ပုဆိုးပင်ကောင်ကောင်းမဝတ်နိုင်ပဲပြေးလာရသည်။

"ဟဲ့ ကိုယ့်ယောကျာ်းကိုယ်အဲ့လိုပြောရလား"

ဘေးနားကမေမေကသုခလက်မောင်းကိုဖက်ခနဲလှမ်းရိုက်လိုက်ပြီးပြောသည်။နာသွားသည့်သူ့လက်မောင်းလေးသူပွတ်ပြီးမေမေ့ကိုဆူပုတ်ပုတ်မျက်နှာလေးနဲ့ပြန်ကြည့်ပြီးပြောသည်။

"မေမေကလည်း အဲ့သမက်ဘက်ကပဲပါနေသိလား"

"ငါကမှန်တဲ့ဘက်ပါတာဟဲ့ ၊ နင်နောက်ကျတဲ့အခါကိုခန့်ကနင့်ကိုအဲ့လိုပြောဖူးလား ၊ ငါတော့တစ်ခါမှမကြားဖူးဘူး"

ဒီနေ့မင်္ဂလာသက်တမ်းတစ်နှစ်ပြည့်မို့လို့ရွာဘက်ကဘုန်းကြီးကျောင်းလေးတစ်ကျောင်းမှာအလှူသွားလုပ်ကြသည်။ရွာဘက်ကိုသွားရမှာမို့လို့သုခလေးကအရမ်းစိတ်လှုပ်ရှားလို့နေသည်။ကိုခန့်ကလည်းအလုပ်ကိစ္စတွေနဲ့သွားဖူးတယ် ၊ မေမေကလည်းဖေဖေရှိတုန်းကသွားဖူးတယ် ၊ ကျေးလက်ရွာလေးတွေဘက်ကိုမရောက်ဖူးတာဆိုလို့သုခ တစ်ယောက်တည်းဖြစ်နေသည်။

"အမေ ခဏလေးနော် ကျွန်တော်ကားသော့ပျောက်နေလို့"

"ဟင်! မနောက်နဲ့နော် ၊ ကားသော့ပျောက်တော့ငါတို့ကလမ်းလျှောက်သွားရမှာလား"

"မဟုတ်ပါဘူး သားစားပွဲပေါ်မှာတင်ထား........သုခ!!!"

"ဗျာ ကိုကို"

"ပေး ကားသော့"

"မရပါဘူး သားမောင်းမှာ"

"မြို့ထဲကထွက်ရင်ပေးမောင်းမယ် ၊ အခုတော့ပေးလိုက်"

"ကတိနော် မြို့ထဲကထွက်ရင်သားမောင်းမှာနော်"

"ဟုတ်ပါတယ် ကတိ ကတိ"

ဘေးနားကမေမေကတော့ဘာမှပင်ဝင်မပြောနိုင်တော့ပါ။သူ့ကိုမောင်းခွင့်‌ပေးပါမယ်ပြောမှကားသော့ကိုမြတ်မင်းခန့်လက်ထဲထည့်ပေးသည်။

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now