​ကျေးဇူးတင်လွှာ

15K 839 26
                                    

ဝင့်လွှာဇာတ်လမ်းလေးတစ်ပုဒ်ကိုအောင်မြင်စွာရေးသားပြီးခဲ့ပါပြီ။ဒီဇာတ်လမ်းလေးကိုရေးဖြစ်တာဝင့်လွှာရဲ့ညီမလေးကြောင့်ပါ။ဇာတ်လမ်းလေးတွေကိုဖုန်းထဲမှာပဲကိုယ့်ဘာသာကိုယ်ရေးပြီးကိုယ်လည်းဖတ်၊ညီမလေးကိုလည်းခြိမ်းခြောက်ပြီဖတ်ခိုင်းခဲ့တာပါ။နောက်ပိုင်းညီမလေးကWattpadမှာရေးဖို့ပြောလာပါတယ်။အဲ့တော့ဝင့်လွှာလည်းရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။BLအပိုင်းကိုအခုမှပထမဦးဆုံးရေးတာဖြစ်တဲ့အတွက်အရေးအသားမကောင်းတာကိုတော့ဝင့်လွှာဘက်ကကြိုတင်တောင်းပန်အပ်ပါတယ်။စရေးတုန်းကသုညကနေမတက်တော့ဝင့်လွှာအရမ်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဖျက်ပစ်မယ်၊ဆက်မရေးတော့ဘူးလို့တောင်တွေးဖူးပါတယ်။ဒါပေမဲ့ တစ်နေ့နဲ့တစ်နေ့ တစ်ယောက်တစ်ယောက်စီတိုးလာခဲ့ပါတယ်။တစ်ယောက်တိုးတိုင်းတစ်ယောက်တိုးတိုင်းဝင့်လွှာအရမ်းပျော်ခဲ့ရပါတယ်။အဲ့ဒါနဲ့ဆက်ရေးဖို့အားတွေရှိလာတာပေါ့နော်။တစ်ယောက်တိုးတိုင်ဝင့်လွှာရဲ့ညီမလေးကိုသွားပြောဖြစ်ပါတယ်။ညီမလေးကတောင်ပြောပါတယ်။မမဇာတ်လမ်းကိုဖတ်တဲ့သူတစ်ထောင်ကျော်သွားရင်တော့ငါ့အစ်မတော့သေများသေမလားတောင်မသိဘူးလို့တောင်ပြောပါတယ်။နောက်ပိုင်းဖတ်တဲ့လူတွေတိုးလာပါတယ်။ဝင့်လွှာဆိုပါးစပ်ကိုမစိနိုင်တော့တဲ့အထိပါပဲ။ဝင့်လွှာရဲ့ဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့လူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။အခုတော့ဝင့်လွှာစာအုပ်ကလေးအဖြစ်ထုတ်နိုင်ခဲ့ပါပြီ။စာအုပ်ကလေးကိုလည်းဝယ်ယူအားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဝင့်လွှာကိုဒီလောကထဲရောက်အောင်တွန်းပို့ပေးခဲ့တဲ့ဝင့်လွှာအရမ်းချစ်ရတဲ့ညီမလေးကိုလည်းကျေးဇူးအများကြီးတင်လို့ဒီနေရာကနေပြောပါရစေ။စာဖတ်သူတစ်ဦးချင်းစီတိုင်းကိုလေးစားလျက် ........

PannWintHlwar

အ​မွှေစိန်လေးရဲ့ကိုကိုWhere stories live. Discover now