"ဘယ်လို..."
အဆင့်မြင့်နတ်ဆိုးက ချက်ချင်းပဲမူမမှန်တော့
တာကိုသတိထားမိလိုက်ပြီး အရိုးသွေးနတ်ဆိုး
ရောက်မလာခင်နီယန်ကို သတ်နိုင်အောင် သူ့
ဆီတိုးဝင်သွားပါတယ်။နီယန်က သူ့ကိုခြေရာခံဖို့နည်းလမ်းတစ်ခုရသွား
ပြီးတော့ အရိုးသွေးနတ်ဆိုးကိုပစ်မှတ်ပေးလိုက်
ပြီဆိုတာသူသိပါတယ်။သိပ်မကြာခင်တုန်းက အရိုးသွေးနတ်ဆိုးကသူ့ကိုအန္တရာယ်မပေးနိုင်ဘူးဆိုတာ သူသေချာသိပါတယ်။ကျန်တဲ့ကောင်းကင်အဆင့်လူတွေကိုတော့ သူနည်းနည်းလေးတောင် ဂရုမစိုက်ပါဘူး။
အရိုးသွေးနတ်ဆိုးက သူ့ကိုကြည့်ပြီး သူ့ဆီကို
ပြေးလာကတည်းက တစ်ခုခုပြောင်းလဲသွားပြီ
ဆိုတာ သူနားလည်လိုက်ပါတယ်။သူ့ရဲ့ဓားပြားကြီးက ခရမ်းရောင်တလက်လက်
တောက်ပလာကာ ရုတ်တရက်သူ့လက်ထဲကနေ ပျံသန်းထွက်သွားလာပါတယ်။အခြားတစ်ဖက်မှာလဲ အခြားသူတွေဝိုင်းရံကာကွယ်ပေးခံထားရတဲ့နီယန်က သူ့ရဲ့အပိုမျက်လုံး
၇ လုံးရဲ့အကူအညီနဲ့ နတ်ဆိုးရဲ့လှုပ်ရှားမှုတိုင်းကို
မြင်နေရပါတယ်။ဒါပေမယ့် အဲဒီအချိန်မှာ အဆင့်မြင့်နတ်ဆိုးက
နီယန်ကိုတိုက်ခိုက်လိုက်ပြီဆိုတာကိုတော့
ဘယ်သူမှမသိလိုက်ကြပါဘူး။နီယန်ရဲ့သတ်ဖြတ်ချင်စိတ်တွေ အရမ်းကိုပြင်း
ထန်လာပြီး သူ့စိတ်ကိုအဆင့်မြင့်နတ်ဆိုးဆီ
အာရုံစိုက်လိုက်ကာ အရိုးသွေးနတ်ဆိုးကို
အမိန့်ပေးလိုက်ပါတယ်။
"သူ့ကို အခုချက်ချင်းသတ်လိုက်.."အဆင့်မြင့်နတ်ဆိုးထက်ခန္ဓာကိုယ်ပိုပြီးကြီးမားတဲ့အရိုးသွေးနတ်ဆိုးက ကြီးမားလှတဲ့ ခြေလှမ်း
ကြီးအနည်းငယ်လှမ်းလိုက်တာနဲ့အဆင့်မြင့်နတ်ဆိုးရဲ့ဘေးကို လျှင်မြန်စွာရောက်လာပါတယ်။အရိုးသွေးနတ်ဆိုးက သွေးစွမ်းအင်တွေရစ်ပတ်
နေတဲ့ သူ့ရဲ့ခြေထောက်ကြီးကို အပေါ်မြှောက်
လိုက်ပြီး အဆင့်မြင့်နတ်ဆိုးကို နင်းချလိုက်ပါ
တယ်။
YOU ARE READING
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...