"ဒီတစ်ကြိမ်ဘယ်လောက်အသက်ရှင်မှာလဲ
နီယန်.."
လီဂျင်းက မျက်မှောင်ကျုံ့ပြီး လှမ်းမေးလိုက်တယ်။"ရက်နည်းနည်းကြာလိမ့်မယ်။.."
နီယန်က ပြန်ဖြေလိုက်ပါတယ်။"မင်းအရိုးသွေးနတ်ဆိုးကို သေချာထိန်းချုပ်
နိုင်တာ သေချာရဲ့လား.."
လီဂျင်းက နီယန်ကို ထပ်မေးလိုက်တယ်။နီယန်က ခေါင်းငြိမ့်ပြလိုက်ပါတယ်။
"အကုန်လုံး..အစီအစဉ်ပြောင်းမယ်။.."
လီဂျင်းက ဆုံးဖြတ်ချက်ပြတ်သားစွာပြော
လိုက်တယ်။
"ငါတို့ တစ္ဆေဂိုဏ်းဆီကို ဒီနေ့ပဲသွားကြမယ်။
အခု အရိုးသွေးနတ်ဆိုးက နိုးထလာပြီဆိုတော့
ငါတို့မြန်မြန်လုပ်ဖို့လိုတယ်။ငါတို့တတ်နိုင်
သလောက် နတ်ဆိုးတွေကို များများသတ်မှ
ရမယ်။.."သူမက လက်ကိုမြှောက်လိုက်တာနဲ့ ဟွန်းကန်
နဲ့ဇိုရီတို့အပါအဝင် သွေးဂိုဏ်းက မဟာကောင်း
ကင်အဆင့် ပညာရှင်အယောက် ၂၀ ကျော်က
ဒီအချိန်ကိုစောင့်နေကြတဲ့အလားသူမရဲ့အနားကို ရောက်လာပါတယ်။"ကံမကောင်းစွာပဲ နတ်ဆိုးတွေက ငါ့တို့ရဲ့စီးစရာ
မှော်သားရဲတွေကို သတ်ပစ်ခဲ့တယ်။.."
သူမက ခဏလောက်တိတ်ဆိတ်နေပြီးပြော
လိုက်တယ်။
"ငါတစ်ယောက်တည်းနဲ့မင်းတို့အားလုံးကို
တစ္ဆေဂိုဏ်းဆီခေါ်မသွားနိုင်ဘူး။ငါရဲ့တွက်ချက်မှု အရဆိုရင် မင်းတို့တွေ အဲဒီကိုရောက်ဖို့
အနည်းဆုံး ၂ ရက်လောက်ကြာလိမ့်မယ်။အဲဒါကလဲကြားထဲမှာ အနောင့်အယှက်တွေမတွေ့ဦးမှ။.."အဲဒီအချိန်မှာပဲ ခေါင်းမူးပြေလာတဲ့နီယန်က
လီဂျင်းရဲ့အစီအစဉ်ကို ကြားလိုက်တဲ့အခါ
တော်တော်အံ့သြသွားပါတယ်။မီတာ ၃၀ ကျော်လောက်မြင့်တဲ့အရိုးသွေးနတ်ဆိုးက နီယန်တွေးနေတာကို မြင်သွားပုံရပြီး
ချက်ချင်းနီယန်ရဲ့ဘေးမှာ ဝပ်လိုက်ပါတယ်။
YOU ARE READING
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...