လိလန်ဖန်းပေါ်လာတာနဲ့ နီယန်က ကောင်းကင်
မျက်လုံးဖန်တီးပြီး သူ့ရဲ့ကျင့်စဉ်အဆင့်ကို
စစ်ဆေးလိုက်ပါတယ်။
"သူကနောက်ပိုင်းမဟာကောင်းကင်အဆင့်ပဲ"ပုံမှန်အနေနဲ့ပြောရရင် သူစစ်ဆေးလိုက်တဲ့သူ
က မြေကမ္ဘာအဆင့်ပညာရှင်ထက်နိမ့်ကျမယ်
ဆိုရင် သူ့ရဲ့စိတ်ဝိဥာဉ်စွမ်းအားတွေနဲ့ ဖန်တီး
ထားတဲ့ ကောင်းကင်မျက်လုံးက စစ်ဆေးလို့
ရပါတယ်။လိလန်ဖန်းလဲ ချွင်းချက်မဟုတ်ပါဘူး။
ဂုရုက တောင်ကြားကနေထွက်ပြေးတဲ့သူတွေ
ကို သွေးအရိုးခေါင်းအဖွဲ့သားတွေနဲ့အတူတူ
လိုက်လံတိုက်ခိုက်နေတဲ့အချိန် ကျန်နေခဲ့တဲ့
သူတွေထဲမှာ ရှိကွင်က အစွမ်းအထက်ဆုံးပါပဲ။ပိုင်ချီချီက နောက်ပိုင်းကောင်းကင်အဆင့်ပဲ
ရှိသေးပြီး ကိုင်ယူကတော့ ကောင်းကင်အဆင့်
ကိုတောင်မရောက်သေးပါဘူး။တကယ်လို့ သူတို့သာလိလန်ဖန်းနဲ့တိုကိခိုက်မယ်ဆိုရင် သူတို့ရဲ့စွမ်းအားက မလုံလောက်ပါ
ဘူး။အဲဒါကြောင့်လဲ လိလန်ဖန်းပေါ်လာတဲ့အခါ သူတို့တွေ ကြောက်ရွံ့သွားတာပါ။
"တကယ်လို့ ငါထွက်မသွားရင်ရော.."
ပိုင်ချီချီက အေးစက်စွာပြောလိုက်တယ်။"အခြေအနေတော့ပြောင်းသွားမှာ မဟုတ်ဘူး။"
လိလန်ဖန်းက အေးအေးဆေးဆေးခြိမ်းခြောက်
လိုက်တယ်။
"ငါနင့်ဆီက ခရီးသွားပေါ်တယ်ကိုယူမယ်။
ပြီးရင် အဲဒီကောင်လေးသေရမယ်။နင့်ရဲ့စွမ်းအားတွေလဲ ဖြုန်းတီးသလို အချည်းနှီးဖြစ်သွား
မှာပဲ။..""ပိုင်ချီချီ..
လနက်အဖွဲ့က ဒီနေရာမှာစခန်းဆောက်ဖို့ရွေး
ထားတယ်ဆိုတာ ဒီတောင်ကြားထဲမှာ လေဟာ
နယ်အက်ကွဲကြောင်းတွေမရှိလို့ဆိုတာ နင်သိ
ဖို့ကောင်းတယ်။..""ဒီလိုအခြေအနေမျိုးမှာ နင်ကတောင်တန်းရဲ့
အခြားနေရာတွေမှာလို နင့်ရဲ့အစွမ်းကို ပြည့်
ပြည့်ဝဝ အသုံးချလို့ရမှာမဟုတ်ဘူး။ပြီးတော့
နင်က အဲဒီခရီးသွားပေါ်တယ်ကို ဖျက်သိမ်းဖို့
စွမ်းအားတွေအများကြီးလဲ ကုန်ထားသေးတယ်။နင်အခုထိ စွမ်းအားတွေအပြည့်အဝပြန်မရသေးဘူးဆိုတာ ငါသိတယ်။.."
DU LIEST GERADE
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...