အခန်း (၂၆၁)လျှို့ဝှက်ခံတပ်

565 48 0
                                    



လေဟာနယ်​ပုံရိပ်​​ယောင်​​တောင်​တန်းက
အစွမ်းထက်​တဲ့​မှော်​သားရဲ​တွေ​တောင်​မဝင်​ရဲတဲ့
နေရာမှာ...

မာဂျီယူက သူ့လူ​တွေကိုဦး​ဆောင်​ပြီး ပိုင်​ချီချီ
ကိုင်​ယွမ်​နဲ့နီယန်​တို့​နောက်​ကို လိုက်​​နေတာ
၃ ရက်​​တောင်​ရှိပါပြီ။သူတို့က လိုက်​ချင်​စိတ်​ပဲ
ပြင်းထန်​​နေတဲ့အတွက်​ ဒုက္ခအနည်းငယ်​​တော့
ရောက်​​နေပါပြီ။

အဲဒီအချိန်​မှာ နီယန်​နဲ့သူတို့အဖွဲ့က​တော့ သူတို့
ရဲ့မြင်​ကွင်းက​နေ တ​ဖြေး​ဖြေး​ပျောက်​ကွယ်​သွား
ပါတယ်​။

အချိန်​​တော်​​တော်​ကြာ စိတ်​​ရောကိုယ်​ပါကြိုးစား
ပြီးတဲ့​နောက်​မှာ ပိုင်​ချီချီက နီယန်​နဲ့ကိုင်​ယွမ်
တို့ကို သက်​ရှိစွမ်းအင်​​တွေမ​တွေ့ရတဲ့​နေရာကို
ဦး​ဆောင်​​ခေါ်သွားပါတယ်​။

ပိုင်​ချီချီက စိတ်​သက်​သာရာရသွားပြီး ​မောပန်း
နွမ်းနယ်​​နေတဲ့​လေသံနဲ့ ကိုင်​ယွမ်​ကို​ပြောလိုက်
တယ်​။
"အခုကစပြီး​တော့ နင်​ငါတို့ကို လမ်းပြ​တော့.။
ငါတို့​နောက်​ကို မာဂျီယူမှီမလာခင်​ လုံခြုံတဲ့
နေရာမှာ ငါတို့စွမ်းအားပြန်​ဖြည့်​မှရမယ်​။.."

"ပြဿနာမရှိဘူး ချီချီ.."
ကိုင်​ယွမ်​က သူမကို​အေး​အေး​ဆေး​ဆေး​ပြော
လိုက်​တယ်​။
"နင့်​ကို​အချိန်​​တော်​​တော်​ကြာ ဝန်​ထုပ်​ဝန်​ပိုး
ဖြစ်​​စေခဲ့တာ။ကျန်​တာငါ့တာဝန်​ထားလိုက်​ပါ။.."

လေဟာနယ်​ပုံရိပ်​​ယောင်​​တောင်​​တန်းမှာ
နှစ်ေ​ပါင်းများစွာတိုက်​ခိုက်​ခဲ့တဲ့အတွက်
ကိုင်​ယွမ်​က ​တောင်​တန်း​ပေါ်က​ရှုပ်​​ထွေးလှတဲ့
နေရာ​တွေကို သူ့လက်​ဖမိုးလို​တောင်​​သေချာ
သိပါတယ်​။ဒါ​ကြောင့်​ သူကပိုင်​ချီချီထက်​ပိုပြီး
လမ်းပြဖို့ သင့်​​တော်​ပါတယ်​။

သူ့ရဲ့ဦး​ဆောင်​မှုနဲ့ သူတို့က ​သွေးအရိုး​ခေါင်း
အဖွဲ့ရဲ့အ​ခြေစိုက်​စခန်းရှိရာဘက်​ကို ​တောင်
အနည်းငယ်​​ကျော်​ပြီး ​ရောက်​လာပါတယ်​။

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Donde viven las historias. Descúbrelo ahora