"သွားကြစို့."
ပိုင်ချီချီထွက်သွားတာကို မြင်လိုက်တော့
လီရဲက သူ့ရဲ့သိုလှောင်လက်စွပ်ထဲကနေ
လက်ကောက်တစ်ခုကို ထုတ်လိုက်ပြီး
နီယန်ကို ပေးလိုက်တယ်။
"အဲဒါကို ဝတ်လိုက်။.."အစိမ်းရောင်ကျောက်လက်ကောက်ထဲမှာ
တလက်လက်တောက်ပနေတဲ့ အလင်းတန်း
တွေကို မြင်နေရပါတယ်။နီယန်က လက်ကောက်ကိုကိုင်လိုက်တဲ့အချိန်မှာပဲ ရေအလွှာတစ်ခုလို အစိမ်းရောင်အလွှာတစ်ခုက သူ့ကို လွှမ်းခြုံသွားပါတယ်။လီရဲက နောက်ထပ်လက်ကောက်တစ်ခုထုတ်
လိုက်ပြီး သူ့လက်မှာပတ်လိုက်တယ်။အဲဒီ
နောက်မှာ သူ့ကိုလဲအစိမ်းရောင်အလွှာတစ်ခုက
ဝန်းရံသွားပါတယ်။အဲဒီအချိန်မှာပဲ လီရဲက လှမ်းပြောလိုက်တယ်။
"ငါတို့ ကြေကွဲမြို့တော်ကို ပြန်ရောက်ရင်
အဲဒီကျောက်လက်ကောက်ကို ပြန်ယူမယ်။.."နီယန်က ပြုံးပြီး နားလည်ကြောင်းပြန်ပြောလိုက်
တယ်။သူကစိတ်စွမ်းအားကိုသုံးပြီး ကျောက်လက်
ကောက်လေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ
အထဲမှာ ထူးခြားတဲ့မှော်ဝင်္ကဘာတစ်ခုကို
တွေ့လိုက်ရပါတယ်။အဲဒီဝင်္ကဘာက လက်
ကောက်ကနေ စွမ်းအားတွေစုပ်ယူပြီး အစိမ်း
ရောင်အကာအကွယ်တစ်ခု ဖန်တီးပေးတာပါ။အဲဒီလက်ကောက်က လေဟာနယ်ပုံရိပ်ယောင်
ဒိုင်မင်းရှင်းထဲက အဆိပ်သင့်ချီစွမ်းအင်တွေကို
သူ့ခန္ဓာကိုယ်ထဲဝင်မလာအောင် တားဆီးပေး
ထားတာ ဖြစ်ပါတယ်။"ကောင်းပြီ။..ငါတို့သွားကြစို့.."
လီရဲက ကျောက်ဂူထဲကနေ ထွက်လိုက်ပြီး
တောင်တစ်ဝက်လောက်မှာ ရှိနေတဲ့အက်ကွဲ
ကြောင်းတစ်ခုထဲမှာ ရပ်နေပါတယ်။နီယန်လဲ သူ့နောက်ကနေလိုက်ပြီး ကျောက်ဂူ
ထဲကနေထွက်လိုက်ပါတယ်။FIZZ.!.FIZZ.!
နီယန် ဂူထဲကထွက်လိုက်တာနဲ့ အဆိပ်သင့်ချီ
တွေနဲ့ ထိတွေ့နေတဲ့ အစိမ်းရောင်အကာအကွယ်ရဲ့အပြင်ဘက်မှာ အစိမ်းရောင်စွမ်းအင်တွေ
ထွက်နေတာကို သတိထားလိုက်မိပါတယ်။
YOU ARE READING
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...