"ငန်းလေးတစ်ကောင်ရဲ့သွေးသားကို တပ်မက်
နေတဲ့ ဖားတစ်ကောင်ပဲ။.."
ဆောင်းလီက ရှန်းဝေရဲ့ပြတ်နေတဲ့ခေါင်းကို
ကြည့်ပြီး မအီမသာမျက်နှာနဲ့ပြောလိုက်တယ်။
သူမရဲ့ပုံစံက ရှန်းဝေအပေါ်တေးထားတဲ့အညှိုး
တွေကို ဖွင့်ချလိုက်သလိုပါပဲ။အဲဒီအချိန် သူမရဲ့လှပတဲ့မျက်နှာလေးပေါ်
မှာ အေးစက်မှုတွေပဲ ရှိနေပြီး နူးညံ့တဲ့အလှအပ
တွေမရှိတော့ပါဘူး။သူမက ခါးကုန်းလိုက်ပြီး ရှန်းဝေရဲ့သိုလှောင်
လက်ကောက်ရယ်၊ရင်တိုနဲ့အခြားနှစ်ယောက်
ရဲ့သိုလှောင်လက်ကောက်တွေကိုကောက်ယူ
လိုက်ပါတယ်။အဲဒါပြီးမှ သူမကပေါ့ပေါ့ပါးပါး
ပြုံးလိုက်တယ်။
"ဒီခရီးစဉ်မှာ ငါရတာတွေကတော့ တော်တော်
များတာပဲ။.."အဲဒီနောက်မှာ သူမက ၃ မြှောင့်ပုံစံအသံ
ကျောက်တုံးတစ်တုံးကိုထုတ်ယူလိုက်ပြီး
တိုးတိုး တိုးတိုးနဲ့ပြောလိုက်တယ်။အဲဒီနောက်မှာ သူမကထိုင်လိုက်ပြီး စွမ်းအင်
ကျောက်တုံးတွေနဲ့ လေ့ကျင့်လိုက်တယ်။နီယန်က သူ့ရဲ့ကောင်းကင်မျက်လုံးနဲ့သူမ
လုပ်သမျှအရာအားလုံးကို မြင်တယ်ဆိုတာကို
တော့ သူမ မသိပါဘူး။အဝေးမှာရှိနေတဲ့ နီယန်က မျက်လုံးပြန်ဖွင့်
လိုက်ပြီး တင်းမာနေတဲ့ မျက်နှာထားနဲ့ရေရွတ်
လိုက်တယ်။
"ဆောင်းလီ..။.."အဲဒီမိန်းမက တစ်ခုခုကိုဖုံးကွယ်ထားတယ်ဆို
တာ သူအရင်ကတည်းက သတိထားမိပါတယ်။
ပြီးတော့ တောနက်ထဲကို သွားပြီး အဆင့်မြင့်
မှော်သားရဲတွေကို အမဲလိုက်ဖို့ကိုလဲ သူမပဲ
တိုက်တွန်းခဲ့တာပါ။လုရန်က သူမရဲ့အကြံဥာဏ်ကို လက်မခံခဲ့တဲ့
အတွက် သူမက အဖွဲ့ထဲကနေ ထုတ်ပစ်လိုက်
တာပါ။သိပ်မကြာခင်တုန်းက တိုက်ခိုက်ခဲ့တဲ့ရွှေကျောက်ကြံ့ရိုင်းနဲ့တိုက်ပွဲမှာ သူမနဲ့ရှန်းဝေတို့တစ်
ယောက်နဲ့တစ်ယောက်ကြည့်တဲ့အကြည့်တွေ
ကို နီယန်က ကောင်းကင်မျက်လုံးတွေက
တစ်ဆင့်မြင်ခဲ့ပါတယ်။အဲဒီအချိန်ကတည်းက
ဆောင်းလီနဲ့ရှန်းဝေတို့က ပူးပေါင်းထားတယ်
ဆိုတာ သူသိလိုက်ပါတယ်။
YOU ARE READING
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...