နေဝင်ရီတရောအချိန်မှာ ...
သူတို့တွေက အမည်မသိတောင်တစ်တောင်ရဲ့အခြေကို ရောက်လာတဲ့အခါ ပိုင်ချီချီက
နီယန်ကို ပြောလိုက်တယ်။
"ဒီနေရာပဲ။.."သူမရဲ့ညွှန်ကြားချက်ကိုရတဲ့အခါ နီယန်က
ပြေးနေတဲ့အရှိန်ကို ချက်ချင်းရပ်လိုက်ပါတယ်။သူက ရှိကွင်နဲ့လမ်းခွဲလာကတည်းက မမော
မပန်းပဲ ပြေးလာတာပါ။အဲဒီအချိန်မှာပဲ သူ့ရဲ့
ချီစွမ်းအင်ပင်လယ်ထဲက ချီစွမ်းအားတွေက
ကုန်ဆုံးလာခါနီးအခြေအနေကို ရောက်လာပါ
တယ်။ပိုင်ချီချီကသာ သူ့ကိုရပ်ဖို့မညွှန်ကြားသေးဘူး
ဆိုရင် သူက ခဏနားဖို့ပြောပြီး စွမ်းအားပြန်
ဖြည့်ဖို့နေရာတစ်ခုရှာရမှာပါ။ပိုင်ချီချီရဲ့စကားနဲ့ သူ့စိတ်ကူးက တိုက်ဆိုင်သွား
ပါတယ်။တောင်ခြေမှာ စမ်းချောင်းလေးတစ်ခုစီးဆင်း
နေပါတယ်။ရေကလဲ အရမ်းကိုကြည်လင်နေတဲ့
အတွက် စမ်းချောင်းလေးရဲ့အောက်ခြေမှာရှိတဲ့
ကျောက်တုံးတွေကိုတောင် မြင်နေရပါတယ်။ဒီနေရာမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးက
ချီစွမ်းအင်တွေထဲမှာ အဆိပ်တွေတော်တော်
နည်းပါးပြီးတော့ လေဟာနယ်အက်ကွဲကြောင်း
တွေလဲ မရှိပါဘူး။အရာအားလုံးက ငြိမ်သက်
ပြီး တိတ်ဆိတ်နေပါတယ်။နီယန်က သူ့ရဲ့ကောင်းကင်မျက်လုံးနဲ့ပတ်ဝန်း
ကျင်ကို စစ်ဆေးလိုက်တဲ့အခါ အသက်စွမ်းအင်
တစ်ခုမှမတွေ့ရပါဘူး။ဒီနယ်မြေက သူကြယ်
စွမ်းအားတွေ စုပ်ယူခဲ့တဲ့နေရာနဲ့တော်တော်
တူပြီးတော့ ရှာဖွေပြီးသားနေရာဖြစ်တဲ့အတွက်
အခြားသူတွေလဲ မလာကြပါဘူး။ပိုင်ချီချီက အသက်ကိုဝဝရှုလိုက်ပြီး နီယန်ကို
စမ်းချောင်းလေးရှိရာဘက်ကို လက်ညှိုးထိုး
ပြပြီး ရှင်းပြလိုက်တယ်။
"ဒီနေရာပဲ။ငါတို့ရေထဲကို ငုပ်ရင် နင့်ရဲ့ကျောက်
လက်ကောက်ကိုချွတ်ထားခဲ့။အချိန်ယူပြီး
အောက်ခြေထိရောက်အောင်ဆင်းလိုက်။
စမ်းချောင်းရဲ့အောက်မှာ သွေးအရိုးခေါင်းအဖွဲ့
ရဲ့ခံတပ်တစ်ခုရှိတယ်။ငါတို့အထဲရောက်တာနဲ့
ခဏတော့ လုံခြုံမှာပါ။လိလန်ဖန်းတောင်မှ
ငါတို့ကို ရှာတွေ့မှာမဟုတ်ဘူး။.."
YOU ARE READING
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasyဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...