အခန်း (၂၉၄) ရုတ်တရက်တိုက်ခိုက်မှု

462 63 0
                                    



ဘယ်​ဘက်​ပုခုံး​ပေါ်မှာ လက်​သည်းပုံစံ​ရေးထိုး
ထားတဲ့ အလယ်​အလတ်​​ကောင်းကင်​အဆင့်
ချီစစ်​သည်​​တော်​က လက်ထဲမှာ ပုံတူတစ်ခုကိုကိုင်ထားပြီး​​​​လူကြီးတစ်​​ယောက်​ရဲ့လည်​ပင်းကိုညှစ်​ထားကာ အမူအရာကင်းမဲ့​နေတဲ့မျက်​နှာနဲ့
မေးလိုက်​တယ်​။
"ငါ ​နောက်​ဆုံးအကြိမ်​​မေးမယ်​။..
ဒီလူကို မြင်​ဖူးလား။.."

လူကြီးက ​ခေါင်းယမ်းပြလိုက်​တယ်​။
"မမြင်​ဖူးဘူး။.."

"​ကောင်းပြီ​လေ။ဒါဆိုလဲ သွား​သေလိုက်​​တော့"
လက်​သည်းအဖွဲ့သားက လူကြီးရဲ့လည်​ပင်းကို
လိမ်​ချိုးပစ်​လိုက်​တယ်​။

"အဲဒီလီယန်​ဆိုတဲ့သူက ​လေဟာနယ်​ပုံရိပ်
ယောင်​​​တောင်​တန်းမှာပဲ ရှိဦးမယ်​ထင်တယ်​။"
လက်​သည်း​အဖွဲ့ဝင်​​​နောက်​တစ်​​ယောက်​က
ပြောလိုက်​တယ်။
"ငါတို့ဒီမှာ ​ခဏ​လောက်​​စောင့်​ကြည့်​ရ​အောင်"

သူတို့နှစ်​​ယောက်​စလုံးက အလယ်​အလတ်
ကောင်းကင်​အဆင့်​​တွေဖြစ်​ကြပြီး​တော့ သူတို့
သတ်​လိုက်​တဲ့ လူ ၃ ​ယောက်​နဲ့အဆင့်​အတူတူ
ပါပဲ။

ဒါ​ပေမယ့်​ သူတ်ို့နှစ်​​ယောက်​တည်းနဲ့ ရန်​သူ
၃ ​ယောက်​ကိုသတ်​ခဲ့တာ ​ချွေး​တောင်​မထွက်
လိုက်​ပါဘူး။

သူတို့သိချင်​တာမသိခဲ့ရတဲ့အတွက်​ နီယန်​ရဲ့
ပုံတူကိုကိုင်​ထားတဲ့ လက်​သည်းအဖွဲ့ဝင်​​တွေက
သူတို့ ၃ ​ယောက်​ရဲ့အဖိုးတန်​ပစ္စည်း​တွေကို
ူ​နေကြပါတယ်​။

အဲဒီအချိန်​မှာ သူတို့​တွေအာရုံခံလို့မရတဲ့
ကောင်းကင်​မျက်​လုံး တစ်​လုံးက သူတို့ရဲ့​ခေါင်း
ပေါ်မှာရှိ​နေတဲ့အတွက်​ သူတ်ို့​ပြောတဲ့စကားလုံး
တိုင်းကို ကြား​နေရပါတယ်။

မီတာ ၁၀၀၀ ​လောက်​အကွာမှာရှိ​နေတဲ့ နီယန်​က ​လေဟာနယ်​ပုံရိပ်​​ယောင်​​တောင်​တန်းက​နေ
ထွက်​လိုက်​တာနဲ့ လက်​သည်းအဖွဲ့ဝင်​​တွေကို
တွေ့ရလိမ့်​မယ်​လို့ ထင်​မထားပါဘူး။

အခုအချိန်​မှာ လက်​သည်းအဖွဲ့​နဲ့လိလန်​ဖန်း
တို့က နီယန်​ကို ပစ်​မှတ်​ထား​နေကြပါပြီ။ဒါ​ပေ
မယ့်​ လိလန်​ဖန်းထက်​ လက်​သည်းအဖွဲ့က
သူ့အတွက်​ အန္တရာယ်​ပိုများပါတယ်​။

LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)Tempat cerita menjadi hidup. Temukan sekarang