ပိုင်ချီချီက နီယန်နဲ့ကိုင်ယွမ်တို့ကို ဦးဆောင်ပြီး
သူတို့ ၃ ယောက်က များပြားလှတဲ့လေဟာနယ်
အက်ကွဲကြောင်းတွေရှိနေတဲ့နေရာကို ဝင်သွား
ကြပါတယ်။တောင်ကြားအလယ်နဲ့မတူတာ ဒီနေရာက
မြေပြန့်လွင်ပြင်ဖြစ်နေပြီး မျက်စိတဆုံးမြင်ရကာ
နေရာတိုင်းမှာလဲ များပြားလှတဲ့လေဟာနယ်
အက်ကွဲကြောင်းတွေ ပြည့်နှက်နေပါတယ်။လေဟာနယ်စွမ်းအားပညာရှင်ဖြစ်တဲ့ ပိုင်ချီချီ
တောင် သိပ်သည်းလှတဲ့လေဟာနယ်အက်ကွဲ
ကြောင်းတွေကြားထဲမှာ တော်တော်ကိုသတိ
ထားပြီး သွားနေရပါတယ်။အဲဒီအချိန်မှာပဲ သူတို့ရဲ့နောက် မီတာရာပေါင်း
များစွာဝေးတဲ့ဆီမှာ မာဂျီယူနဲ့အခြားလနက်အဖွဲ့
ဝင်တွေက သူတို့နောက်ကိုအမောတကော
လိုက်နေကြပါတယ်။သူတို့တွေအားလုံးက
မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ နှေး
ကွေးစွာသွားနေကြရပါတယ်။အဲဒါတင်မကသေးဘဲ သူတို့တွေက မြေပြန့်
လွင်ပြင်ထဲကို ပိုပိုပြီးရောက်လာလေလေသူတို့
ရဲ့အရှိန်တွေက ပိုပြီးနှေးနှေးသွားကြပါတယ်။FIZZ.!.FIZZ.!.
များပြားလှတဲ့လေဟာနယ်အက်ကွဲကြောင်းတွေ
က နီယန်ရဲ့ခေါင်းပေါ်ကနေ ဝှီးခနဲဖြတ်သွားပါ
တယ်။သူတို့တွေထဲကတစ်ခုက နီယန်ရဲ့
အရေပြားကိုထိတော့မလိုတောင် ဖြစ်သွားပါ
တယ်။ပိုင်ချီချီက နောက်ပြန်လှည့်ကြည့်ပြီး နီယန်နဲ့
ကိုင်ယွမ်တို့ပါမပါ စစ်ဆေးနေရပါတယ်။ခလွပ်..!.ခလွပ်..!.
နီယန်ခြေလှမ်းလိုက်တိုင်း သူ့ရဲ့ခါးမှာရှိတဲ့
အိတ်ကပ်ထဲကနေ တခွပ်ခွပ်အသံတွေထွက်
ပေါ်နေပါတယ်။ခဏကြာတဲ့အခါ ကိုင်ယွမ်က သိချင်စိတ်ကို
မထိန်းနိုင်တော့တဲ့အတွက် မေးလိုက်တယ်။
"အဲဒီထဲက ဘာတွေလဲ..
မင်းရဲ့သိုလှောင်လက်ကောက်ထဲမှာထည့်ရမယ့်
အစား ဘာလို့ အဲဒီအိတ်ထဲထည့်ထားတာလဲ."
ESTÁS LEYENDO
LORD OF ALL RELAMS (လောကအားလုံးရဲ့သခင်)
Fantasíaဘာသာပြန်ဝတ္ထုပါ ဟိုးအရင်နှစ်ပေါင်းများတုန်းက ကောင်းကင်ဘုံကို ကူညီပေးတဲ့ ဝိဥာဉ်ကြီးတွေ ရှိခဲ့ဖူးတယ်။သူတို့မှာ ကြယ်တွေကဲ့သို့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေရှိပြီး စကြာဝဠာ တစ်ခုကနေ တစ်ခုကိုတောင် ပျံသန်းသွားလာနိုင်ကြတယ်။သူတို့ရဲ့ သွေး...